Xiaomi က Android  Device တွေမှာ Windows Game တွေကို ကစားနိုင်အောင် ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။ Xiaomi က WinPlay Engine ကနေ ကစားနိုင်မှာ ဖြစ်ပြီး အင်တာနက် ဆက်သွယ်မှု မလိုအပ်ဘူးလို့ ပြောပါတယ်။

Xiaomi's new WinPlay system will let you play Windows games on its Android  tablets - GSMArena.com news
Xiaomi က WinPlay မှာ Steam ကို ကစားနိုင်မယ်လို့ ပြောပြီး Steam ကိုတောင် ကစားလို့ရရင် တခြား Store တွေက Game တွေကိုလည်း ကစားနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း Compatible ဖြစ်မှာ မဟုတ်ဘဲ တချို့ Game တွေကို Windows PC တွေမှာတောင် ကစားလို့ မရပါဘူး။

Xiaomi announces WinPlay for Windows gaming on tablet » YugaTech |  Philippines Tech News & Reviews

Xiaomi က WinPlay အတွက် Tester တွေကို ဖိတ်ခေါ်ထားပြီး တရုတ်မှ Xiaomi Pad 6S Pro 12.4 ပိုင်ရှင်တွေ ကစားနိုင်ပါတယ်။ အဲဒီ တက်ဘလက်မှာ စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset ထည့်သွင်းထားပြီး 8/12/16GB RAM ပါပါတယ်။ (RAM ဘယ်လောက်လိုသလဲဆိုတာ မပြောပါဘူး။ )

Xiaomi က ဘယ် HyperOS Device တွေမှာ WinPlay ရမလဲဆိုတာ မပြောပါဘူး။ တက်ဘလက်အတွက် HyperOS 2 မှာ “Workstation Mode” ပါပြီး ဒတ်စတော့မှာလို Multitasking ပြုလုပ်နိုင်ပါတယ်။

Ref : gsmarena