YouTube မှာ ပထမဆုံး ဗီဒီယို တင်တာဟာ နှစ်ပေါင်း ၂၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ နှစ် ၂၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ကုမ္ပဏီက Feature အသစ်တွေနဲ့ လူသိပ်မသိတဲ့ Tools တွေကို ပြောပြပေးလိုက်ပါတယ်။

အကြီးတန်း ထုတ်ကုန် မန်နေဂျာ Viraj Manesh က YouTube မှာ နေ့စဉ် ဗီဒီယို သန်း ၂၀ ကျော်ကို တင်နေကြတယ်လို့ ပြောပါတယ်။ ၂၀၂၄ ခုနှစ်မှာ တစ်ရက်ကို ကွန်းမန့် သန်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။

This is the first time we can see ''20 years ago'' under a YouTube video

YouTube က ဒီနှစ်မှာ ကြေညာလိုက်တဲ့ Feature အသစ်တွေဟာ TV နဲ့ Premium User တွေအတွက် အဓိက ဖြစ်ပါတယ်။ YouTube TV Members တွေဟာ ESPN နဲ့ Food Network လို နာမည်ကြီး ကွန်ရက်တွေအပါအဝင် အားကစား မဟုတ်တဲ့ Content တွေကို Multiview Layout နဲ့ ကြည့်ရှုနိုင်ပါပြီ။

Creator တွေဟာ ဗီဒီယိုအောက်က ကွန်းမန့်တွေကို Voice-reply ပြုလုပ်လာနိုင်ပေမယ့် ဒီ Feature ကို ၂၀၂၅ ခုနှစ် နှောင်းပိုင်းကျမှ ရရှိမှာပါ။

Premium နဲ့ Music Subscriber တွေဟာ iOS နဲ့ Android မှာ ကိုယ်ပိုင် ရေဒီယို စတေရှင်တွေကို ဖန်တီးလာနိုင်ပါပြီ။ ဒါပေမယ့် အဲဒီ Feature ကို အင်္ဂလိပ်နဲ့ပဲ ရရှိပါတယ်။ မိုဘိုင်းမှာ YouTube Permium User တွေဟာ Playback Speed ကို 4x နဲ့ ကြည့်ရှုနိုင်ပါတယ်။

အခုဆိုရင် YouTube မှာ Video Player ကို ဖိထားရင် 2x Speed နဲ့ ကြည့်နိုင်ပြီး ညဘက်ကြည့်ရင် Sleep Timer ကို သတ်မှတ်နိုင်ပါတယ်။ ဖုန်းနဲ့ Notification ဝင်လာရင် အနှောင့်အယှက် မဖြစ်အောင် Screen ကို Lock လုပ်ထားနိုင်ပါတယ်။ Android User တွေက သီချင်းဆိုပြပြီး သီချင်းရှာနိုင်တဲ့ Song Search ကို သုံးနိုင်ပါတယ်။

Ref : Gsmarena