Aptera က Consumer Electronics Show (CES) 2025 မှာ နာမည်ကြီး အီတလီဒီဇိုင်နာ Pininfarina နဲ့ ပူးပေါင်း ဒီဇိုင်းထုတ်ထားတဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားကို ပြသလိုက်ပါတယ်။
အဲဒီ ထူးခြားဆန်းသစ်တဲ့ ကားမှာ Solar Panel တွေ တပ်ဆင်ထားပြီး နေရောင်ခြည် ကနေ လျှပ်စစ် စွမ်းအင် ပြောင်းလဲကာ မောင်းနှင်နိုင်ပါတယ်။ ကား အမြန်နှုန်း မြင့်မားစေဖို့ ကားလမ်းနဲ့ ပွတ်တိုက်မှုကို အလွန်လျှော့ချထားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ ကားလမ်းနဲ့ ပွတ်တိုက်မှု စံနှုန်းဟာ ၀.၁၃ ပဲ ရှိပြီး Tesla Model 3 ရဲ့ ၀.၂၃ ထက် ပိုနည်းပါတယ်။
နေရောင်ခြည် စွမ်းအင်သုံး ကားမှာ 700W Solar Cells နဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်နဲ့ နေ့စဉ် မိုင် ၄၀ မောင်းနှင်နိုင်ပြီး အားအပြည့်သွင်းထားရင် မိုင် ၄၀၀ မောင်းနှင်နိုင်ပါတယ်။ အဲဒီအတွက် နေ့စဉ် အသုံးပြုဖို့နဲ့ ခရီးဝေးသွားဖို့ အသုံးဝင်ပါတယ်။ ကုမ္ပဏီက ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
Consumer Electronics Show (CES) 2025 ဟာ ကမ္ဘာ့အကြီးမားဆုံး နည်းပညာ ပြပွဲ တစ်ခု ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို အပြိုင်အဆိုင် ပြသနေကြပါတယ်။
Ref : Tech Explorers