BMW က CES 2025 မှာ ခေတ်ရှေ့ပြေး Panoramic iDrive Operating System ကို ကြေညာလိုက်ပြီး ကားလေကာမှန်ကို AR Display အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လေကာမှန်မှာ ကားလမ်းကြောင်းနဲ့ အရေးကြီးသတင်းအချက်အလက်တွေကို ပြသမှာ ဖြစ်ပြီး သမားရိုးကျ Dashboard တွေ မလိုအပ်တော့ပါဘူး။
BMW Operating System X ရဲ့ System ကို နောက်ထွက်မယ့် Neue Klasse Platform ပေါ်က X -class SUV တွေမှာ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီကားမှာ AR Display , AI အခြေပြု Voice Command နဲ့ BMW ရဲ့ ဉာဏ်ရည်မြင့် Personal Assistant ရဲ့ အကြံပြုချက်တွေကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
စတီယာရင်မှာ Haptic Feedback Buttons တွေကို တပ်ဆင်ထားမှာ ဖြစ်ပြီး BMW ရဲ့ အဆင့်မြင့် နည်းပညာပါတဲ့ ကားတွင်း အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။
Consumer Electronics Show (CES) 2025 နည်းပညာ ပြပွဲဟာ ကမ္ဘာ့ အကြီးမားဆုံး နည်းပညာ ပြပွဲတွေထဲက တစ်ခု ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု လတ်စ်ဗီးဂတ်စ် မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာ တစ်ကမ္ဘာလုံးက ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို အပြိုင်အဆိုင် ပြသနေကြပါတယ်။
Ref : Tech Explorers