Mercedes-Benz က ကမ္ဘာ့ ပထမဆုံး Solid-state Battery ပါတဲ့ EV ကားကို ပြသလိုက်ပါတယ်။ EQS နမူနာ ကားမော်ဒယ်မှာ အမေရိကန် ကုမ္ပဏီ Factorial Energy နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ အဆင့်မြင့် Battery နည်းပညာ ထည့်သွင်းထားပါတယ်။
နမူနာကားမော်ဒယ်ဟာ အားအပြည့်သွင်းထားရင် ၆၂၁ မိုင် (၁,၀၀၀ ကီလိုမီတာ) မောင်းနှင်နိုင်ပြီး လက်ရှိ EQS 450+ ထက် ခရီးအကွာအဝေး ၂၅ ရာခိုင်နှုန်း ပိုမောင်းနှင်နိုင်ပါတယ်။ Solid-state Battery ဟာ အရွယ်အစားနဲ့ အလေးချိန် ပိုများသွားတာ မရှိဘဲ အခု အကွာအဝေးကို မောင်းနှင်နိုင်ပါတယ်။ နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ မောင်းနှင်နိုင်တဲ့ ခရီးအကွာအဝေးဟာ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာမှာ ဖြစ်ပါတယ်။
တရုတ် EV ကားတွေမှာ တွေ့ရတဲ့ Semi-solid-state Battery တွေထက် Mercedes ရဲ့ Solid-state Battery က ပို အဆင့်မြင့်ပြီး လျှပ်စစ်ကား တီထွင်ဆန်းသစ်မှုကို သိသိသာသာ တိုးတက်စေပါတယ်။ Mercedes ဟာ နောက်မျိုးဆက် Battery နည်းပညာကို ဖန်တီးဖို့ နီးစပ်လာပြီ ဖြစ်ပြီး Solid-state Battery ပါတဲ့ နမူနာ ကားမော်ဒယ်ကို လက်ရှိမှာ စမ်းသပ်နေပါတယ်။
EV ကားတွေရဲ့ အားနည်းချက်က ခရီးအကွာအဝေး များများ မမောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီတွေက အားသွင်းမြန်ပြီး ခရီးဝေးဝေး သွားနိုင်တဲ့ Battery နည်းပညာ အသစ်တွေကို ဖန်တီးနေကြတာ ဖြစ်ပါတယ်။
Ref: Tech Explorers