ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ Tesla ကား ၄ စီး မီးရှို့ခံလိုက်ရပြီး အာဏာပိုင်တွေက နိုင်ငံရေးနဲ့ ပတ်သက်နေတယ်လို့ သံသယ ရှိနေကြပါတယ်။

Four Tesla cars set on fire in Berlin arson attacks, say police - ABC News

Planterwald နဲ့ Steglitz ဒေသတွေမှာ Tesla ကားတွေ မီးရှို့ခံရတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် ကားတွေကတော့ တော်တော် ပျက်ဆီးသွားပါတယ်။ ဂျာမနီရဲ့ ပြည်နယ် လုံခြုံရေး ဌာနက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ဂျာမနီရဲ့ လက်ယာယိမ်း AfD ပါတီကို Elon Musk ရဲ့ ထောက်ခံအားပေးမှုကြောင့် အခုလို Tesla ကားတွေကို မီးရှို့တာ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

Four Tesla cars set on fire in Berlin arson attacks, say police - ABC News

Tesla ဟာ ဂျာမနီမှာ Berlin Gigafactory ကို တည်ထောင်ထားပြီး အဲဒီမှာ Tesla ကားတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဂျာမနီ အာဏာပိုင်တွေက အခု ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့ဖို့ ပြည်သူတွေကို အသိပေးထားပါတယ်။

Elon Musk ဟာ အမေရိကန် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေပြီး အမေရိကန် အစိုးရရဲ့ ကမ္ဘာကို ကူညီထောက်ပံ့နေတဲ့ အသုံးစားရိတ်တွေကို ဖြတ်တောက်နေပါတယ်။ အဲဒီအတွက် ကမ္ဘာအဝန်းမှ လူများစွာက သူ့ကို မကျေမနပ် ဖြစ်နေပြီး Tesla ကားတွေကို မဝယ်ယူဖို့ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

Ref: Tech Explorers