တိုယိုတာ က အရွယ်သေး FT-Me EV ကားကို မိတ်ဆက်လိုက်ပြီး မြို့ထဲ ခရီးသွားဖို့အတွက် ဒီဇိုင်းထုတ်ထားပါတယ်။ အရှည်က ၂.၅ မီတာ (၉၈ လက်မ)ပဲ ရှိပြီး Golf Cart အရွယ်အစားလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အထင်ကြီးစရာကောင်းတဲ့ စွမ်းရည်တွေ ပါလာပါတယ်။
ထူးခြားတဲ့ အစိတ်အပိုင်း တစ်ခုက Solar ခေါင်မိုးဖြစ်ပြီး အဲဒီကရတဲ့ စွမ်းအင်နဲ့ တစ်ရက်ကို ၃၀ ကီလိုမီတာ (၁၉ မိုင်) မောင်းနှင်နိုင်ပါတယ်။ FT-Me ကို စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားပြီး သာမာန် ကားတွေထက် ကာဘွန်ထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
အရွယ်အစား သေးငယ်ပေမယ့် တိုယိုတာ က FT-Me ကို လူမျိုးစုံ သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ခြေထောက်သုံးစရာမလိုဘဲ လက်နဲ့ပဲ မောင်းနှင်နိုင်တဲ့အတွက် Wheelchair User တွေပါ မောင်းနိုင်ပါတယ်။ အသက် ၁၄ နှစ်ပဲရှိတဲ့ လူငယ်တွေတောင် မောင်းနိုင်ပါတယ်။
တိုယိုတာ က အရွယ်ကြီး EV ကားတွေထက် စွမ်းအင် သုံးစွဲမှုဟာ ၃ ဆ နည်းပါးတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ခရီးတိုသွားဖို့ အဆင်ပြေပါတယ်။ အားအပြည့်သွင်းထားရင် ၁၀၀ ကီလိုမီတာ (၆၂ မိုင်) မောင်းနှင်နိုင်တဲ့အတွက် အလုပ်သွားအလုပ်ပြန် အတွက် အဆင်ပြေပါတယ်။
FT-Me ဟာ ဒေါ်လာ ၇,၀၀၀ ဝန်းကျင်ပဲ ရှိတဲ့ အလားတူ အရွယ်သေး Citroen Ami ကားနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တိုယိုတာက အဲဒီကားကို ဘယ်နိုင်ငံမှာ ရောင်းမလဲ ဆိုတာ မပြောသေးပါဘူး။ ဈေးနှုန်းက ဒေါ်လာ ၁၀,၀၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။
Ref: Tech Explorers