Tesla ကားတွေဟာ ဒီနှစ် ပထမ ကွာတားမှာ ရောင်းအား ၁၃ ရာခိုင်နှုန်း ကျဆင်းနေပြီး စံချိန်တင် ရောင်းအားကျဆင်းနေပါတယ်။ Tesla ဟာ ကားအစီးရေ ၃၃၆,၆၈၁ စီးပဲ ရောင်းချနိုင်ပြီး ရည်မှန်းထားတာထက် အစီးရေ ၅၀,၀၀၀ လျော့နည်းနေပါတယ်။ အရင်နှစ် ပထမ ကွာတားမှာ ကားအစီးရေ ၃၈၆,၈၁၀ စီး ရောင်းချနိုင်ခဲ့ပါတယ်။
ဒါဟာ ၃ နှစ်အတွင်း Tesla ရဲ့ ရောင်းအားအကျဆုံး ဖြစ်လာပြီး ပြိုင်ဖက် EV ကား ကုမ္ပဏီများစွာ ထွက်ပေါ်လာမှုနဲ့ Elon Musk ကို ဆန့်ကျင်မှုတွေကြောင့် ဖြစ်ပါတယ်။
Musk ရဲ့ အမေရိကန် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုတွေကြောင့် Tesla ကား စက်ရုံတွေမှာ ဆန္ဒပြမှုများစွာ ဖြစ်ပွားနေပါတယ်။ Consumer တွေက Tesla ကို မကျေမနပ် ဖြစ်နေကြသလို ရင်းနှီးမြှပ်နှံသူတွေကလည်း ယုံကြည်မှု ကျဆင်းနေပါတယ်။
တစ်ချိန်ထဲမှာပဲ ပြိုင်ဖက် ဖြစ်တဲ့ တရုတ်ရဲ့ BYD ဟာ ရောင်းအားကောင်းနေပါတယ်။ BYD ဟာ ပထမကွာတားမှာ ကားအစီးရေ ၄၁၆,၀၀၀ ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ၃၉ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
Ref : Technology Innovation