Nubia က Gaming ဖုန်း ဖြစ်တဲ့ RedMagic 10 Air ကို ကြေညာလိုက်ပြီး အထူက ၇.၈၅ မီလီမီတာပဲ ရှိပါတယ်။ 6,000mAh Battery , 80W Charging အပါအဝင် စွမ်းရည်မြင့် Specs တွေ ထည့်သွင်းထားပါတယ်။
RedMagic 10 Air မှာ 6.8” AMOLED FHD+ Display နဲ့ 120Hz Refresh Rate ပါပါတယ်။ 1,300 Nits Peak Brightness ထောက်ပံ့ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ 16MP Under-display Selfie ကင်မရာ တပ်ဆင်ထားပြီး Optical Fingerprint Scanner ပါပါတယ်။
RedMagic 10 Air မှာ Qualcomm ရဲ့ အရင်မျိုးဆက် စွမ်းရည်မြင့် Snapdragon 8 Gen 3 Chip ထည့်ထားပြီး 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Wide နဲ့ Ultrawide ကင်မရာတွေ တပ်ထားပါတယ်။ Software က Android 15 အခြေပြု RedMagic OS 10.0 ဖြစ်ပါတယ်။
Gaming ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဂိမ်းကစားရင် Remap လုပ်နိုင်တဲ့ ဘေးဘက် Capacitive Button တွေ တပ်ဆင်ထားပြီး အပူချိန်ကို လျှော့ချပေးတဲ့ စနစ် ပါလာပါတယ်။
RedMagic 10 Air အတွက် Twilight (Black), Hailstone (White), Flare (Orange) အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၄၇၆ ဒေါ်လာနဲ့ 16/512GB ကို ၅၇၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဝယ်ယူနိုင်ပါပြီ။ ကုမ္ပဏီက ဧပြီလ ၂၃ ရက်နေ့မှာ နိုင်ငံတကာ မော်ဒယ်ကို ကြေညာမယ်လို့ ပြောပါတယ်။
Ref : gsmarena