ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ Tesla နဲ့ PG&E ကုမ္ပဏီတို့ ပူးပေါင်းပြီး ကယ်လီဖိုးနီးယားမှာ ထူးထူးခြားခြား စမ်းသပ်မှုတစ်ခု စတင်လိုက်ပါတယ်။ အဲဒါကတော့ Tesla Cybertruck ပိုင်ရှင်တွေအနေနဲ့ မီးပြတ်တဲ့အချိန်မျိုးမှာ မိမိတို့ရဲ့ကားကို အသုံးပြုပြီး အိမ်ကို လျှပ်စစ်မီး ပြန်ပေးနိုင်မယ့် V2X အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကိုယ့်ကားထဲမှာ ပိုလျှံနေတဲ့ လျှပ်စစ်ဓာတ်အားကို အစိုးရရဲ့ လျှပ်စစ်ကွန်ရက်ထဲ ပြန်ရောင်းပြီး ဒေါ်လာ ၄,၅၀၀ အထိတောင် အကျိုးခံစားခွင့် ပြန်ရနိုင်ပါသေးတယ်။

Cybertruck Becomes California's First AC Vehicle-to-Grid Asset via PG&E  Partnership – TESMAG

ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ လျှပ်စစ်ကား (EV) အသုံးအများဆုံး နေရာဖြစ်တာကြောင့် ဒီစီမံကိန်းက တော်တော်လေး အလုပ်ဖြစ်နိုင်ပါတယ်။ လျှပ်စစ်မီး လိုအပ်ချက် အရမ်းများတဲ့အချိန်တွေမှာ ဒီစီမံကိန်းမှာ ပါဝင်ထားတဲ့ Cybertruck တွေဟာ Tesla ရဲ့ Powershare နည်းပညာကို သုံးပြီး လျှပ်စစ်ဓာတ်အားတွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ကားတစ်စီးကို သွားလာရေးအတွက်တင် မဟုတ်ဘဲ အိမ်သုံး “ဓာတ်အားပေးစက်” တစ်လုံးလိုပါ အသုံးချလာနိုင်တာပါ။

Tesla and PG&E launch first AC-based V2X program with Cybertruck

ဒီစနစ်သစ်က ကား၊ အိမ်နဲ့ လျှပ်စစ်ကွန်ရက် သုံးခုကြားမှာ မီးကို အပြန်အလှန် ပေးနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အခုဆိုရင် Tesla ဟာ Ford နဲ့ GM တို့လိုပဲ လျှပ်စစ်ဓာတ်အား အပြန်အလှန်ဖလှယ်တဲ့ နည်းပညာလောကထဲကို တရားဝင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်မှာ Cybertruck ပိုင်ရှင်တွေဟာ ကားမောင်းရုံတင်မကဘဲ လျှပ်စစ်မီး ပြန်ရောင်းပြီးတော့ပါ ဝင်ငွေရှာနိုင်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ။

Ref : Fossbytes