ဟောင်ကောင်မြို့ရဲ့ Hung Hom၊ Wan Chai နဲ့ Kai Tak မြို့နယ်တွေမှာ လူတူစက်ရုပ်တွေနဲ့ ဝန်ဆောင်မှုပေးမယ့် ၂၄ နာရီ စတိုးဆိုင်သုံးဆိုင်ကို တရုတ်စက်ရုပ်ကုမ္ပဏီ Galbot  က စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ တရုတ်ပြည်မကြီးပြင်ပမှာ ပထမဆုံးအကြိမ် ခြေလှမ်းလှမ်းလိုက်တာဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့ စခရင်မှာ အော်ဒါမှာယူကာ ကတ် သို့မဟုတ် အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်တွေနဲ့ ငွေချေရုံနဲ့ မုန့်၊ အဖျော်ယမကာနဲ့ ဒေသထွက်ကုန်တွေကို စက်ရုပ်တွေဆီကနေ တိုက်ရိုက်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Hong Kong to open first convenience store operated by humanoid robot in AI  push | South China Morning Post

အဲဒီစတိုးဆိုင်တွေမှာ Xiaogai လို့ အမည်ပေးထားတဲ့ Galbot ရဲ့ G1 အမျိုးအစား လူတူစက်ရုပ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အရပ် ၁.၇၃ မီတာနဲ့ အလေးချိန် ၉၂.၅ ကီလိုဂရမ်ရှိတဲ့ အဲဒီစက်ရုပ်ဟာ တစ်စက္ကန့်မှာ ၁.၅ မီတာအထိ သွားလာနိုင်ပြီး လက်တစ်ဖက်စီက ၅ ကီလိုဂရမ်အထိ မနိုင်ပါတယ်။ ဒါ့အပြင် မန်ဒရင်း၊ တရုတ်စကားနဲ့ အင်္ဂလိပ်စကားတို့ကို သဘာဝကျကျ ပြောဆိုဆက်ဆံနိုင်ရုံမက အော်ဒါယူတာ၊ ပစ္စည်းကမ်းပေးတာနဲ့ ကော်ဖီဖျော်စက်ကနေ အဖျော်ယမကာ ပြင်ဆင်ပေးတာတွေကိုပါ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပါတယ်။

A New Store in Hong Kong Has No Human Employees, Just a Single Humanoid  Robot

စတင်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေကြောင့် နည်းပညာဆိုင်ရာ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရပြီး လက်ရှိမှာ ငွေသားနဲ့ ဟောင်ကောင် Octopus ကတ်တွေကို လက်မခံသေးပါဘူး။ Galbot ဟာ တရုတ်ပြည်မကြီးရှိ မြို့ပေါင်း ၅၀ နီးပါးက ဆိုင်ပေါင်း ၂၀၀ မကမှာ စက်ရုပ်တွေ တပ်ဆင်ထားပြီးဖြစ်ကာ အခုအခါမှာတော့ ဟောင်ကောင်မှာလည်း နောက်ထပ် ဆိုင် ၁၀ ဆိုင်ခန့် ထပ်မံဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

Ref : Technology Innovation