Assassin’s Creed Odyssey နဲ့ပတ်သက်တဲ့ သတင်းတွေဟာ လောလောဆယ်မှာတော့ သိပ်ပြီး မသေချာသေးပါဘူး။ ဒါပေမယ့် ဒီ Game ဟာ ရှေးခေတ် ဂရိ ပြည်ကို ပြန်ရောက်သွားသလို ခံစားရမယ်ဆိုတာတော့ အာမခံပါတယ်။
Source: Techradar.com
Assassin’s Creed ရဲ့ Frannchise အသစ်ဖြစ်တဲ့ ဒီ Game နဲ့ ပတ်သက်ပြီး E3 2018 Event မှာတစ်ခုခုကို သေချာသိရမယ်လို့ မျှော်လင့်ရပါတယ်။ ဖြစ်နိုင်တာကတော့ ၂၀၁၈ နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၉ နှစ်စပိုင်းလောက်မှာ ဆော့ရဖို့များပါတယ်။ တချို့တွေကတော့ ၂၀၁၉ နှစ်စပိုင်း မတ်လ ၃၁ လောက် နောက်ဆုံး ထွက်ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။
Source: Tech Advisor
ထွက်ရှိထားတဲ့ Trailer အရဆိုရင် ဒီ Assassin’s Creed Game အသစ်ဟာ Origin ထက် နှစ်ပေါင်းရာနဲ့ချီပြီး စောတဲ့ အချိန်ကာလတစ်ခုကို အခြေပြုထားမှာဖြစ်ပြီး Trailer ထဲက စစ်သားတွေရဲ့ Spartan ပုံစံ ဝတ်စားဆင်ယင်မှုကြောင့် 300 ရုပ်ရှင်ထဲကအချိန်လောက် ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။
Source: Push Square
တချို့တွေကတော့ ဒီ Game ဟာ Timeline တွေ ခေတ်တွေ အများကြီး ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 300 ထဲက Spartan တွေလည်းပါလာမှာ ဖြစ်ပြီး Hero အသစ်တွေလည်း ပါဝင်လာမယ်လို့ဆိုပါတယ်။ Hero အသစ်တွေကို Player တွေစိတ်ကြိုက် Male နဲ့ Female Character တွေအဖြစ် ရွေးလို့ရနိုင်မယ်လို့လည်း ဆိုပါတယ်။
Source: Techradar.com
ဒီ Game နဲ့ ပတ်သက်သမျှ သတင်းတွေဟာ ခန့်မှန်းချက်တွေ ကောလဟာလတွေ အဆင့်ပဲ ရှိပါသေးတယ်။ ပိုပြီးသေချာတာတွေကတော့ လာမယ့် E3 2018 Event ကျမှာပဲ သိရမှာပါ။ ဒီ Game ကို PS4, XBOX One နဲ့ PC တို့မှာ ဆော့လို့ ရနိုင်ပါတယ်။