ASUS ကနေ အခုအချိန်မှာ မြန်မာနိုင်ငံစျေးကွက်ကို ROG Gaming Laptop အသစ်တွေစတင်ဝင်ရောက်လာပြီး ရောင်းချနေပြီဖြစ်ပါတယ်။ ဒီ ROG လို့ လူသိများတဲ့ Republic of Gamers Gaming Laptop တွေဟာ ယခင်ထဲက Feature ပိုင်းတွေ၊ စွမ်းဆောင်ရည်ပိုင်းတွေမှာ အကောင်းဆုံးဖြစ်နေတာကို သိရှိပြီးဖြစ်မှာပါ။

အခု Article မှာတော့ ASUS ကနေ မြန်မာနိုင်ငံစျေးကွက်မှာ ရောင်းချနေပြီဖြစ်တဲ့ ROG Strix SCAR 17 (G733) Gaming Laptop အကြောင်းကို Review ပြုလုပ်ပေးလိုက်ပါတယ်။ ယခု Strix SCAR 17 (G733) Gaming Laptop ဟာဆိုရင် လက်ရှိစျေးကွက်ထဲမှာ ရရှိနိုင်တဲ့ Gaming Laptop တွေထဲမှာ အကြမ်းဆုံးလို့ပြောရင်လည်းမမှားပါဘူး။

ဘာကြောင့်လဲဆိုရင် ASUS Strix SCAR 17 (G733) Gaming Laptop မှာ Intel ကနေ နောက်ဆုံးထွက်ရှိထားတဲ့ 12th Gen Processor ကိုမှ အကောင်းဆုံးဖြစ်တဲ့ i9-12900H 14-Cores Processor ကို သုံးထားပေးထားဖြစ်ပါတယ်။ အဆိုပါ i9-12900H Processor ဟာ 5GHz Speed အထိရောက်ရှိနိုင်တာကြောင့် Gaming Performance ပိုင်းမှာ အရင်ထက် အများကြီးပိုပြီး မြန်ဆန်သာလွန်မှာဖြစ်ပါတယ်။

 

ဒီလိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ Intel 12th Gen i9 Processor ကို တွဲဖက်ပေးထားတာကလည်း Nvidia ကနေ အသစ်မိတ်ဆက်ထားတဲ့ RTX 3070Ti 8GB GDDR6 GPU ဖြစ်ပါတယ်။ ASUS ကနေ ROG Dynamic Boost နည်းပညာကိုပါ ထည့်သွင်းပေးထားတဲ့အတွက် သာမန် 125W ကနေ 150W TDP အထိရောက်ရှိနိုင်ပြီး Boost Speed 1460MHz အထိရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က Gaming ပိုင်းပဲဖြစ်ဖြစ်၊ Productivity ပိုင်းပဲဖြစ်ဖြစ် GPU ပိုင်းမှာ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကို ရရှိဖို့ အာမခံပေးနိုင်မှာသေချာပါတယ်။

နောက်ထပ်လည်း RAM အနေနဲ့ 16GB RAM ထည့်သွင်းထားပြီး Desktop PC စျေးကွက်မှာတောင် ရှားပါးနေသေးတဲ့ DDR5 4800MHz RAM အမျိုးအစားကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။ အခုလိုမျိုး DDR5 4800MHz RAM ကို အသုံးပြုပေးထားတာကြောင့် Application တွေ၊ Game တွေ Launch လုပ်တဲ့အချိန်မှာ ပုံမှန် DDR4 RAM တွေထက်တောင် သိသိသာသာပိုမိုမြန်ဆန်နေတာကိုတွေ့ရပါတယ်။ အမြင့်ဆုံး RAM ကို 64GB အထိ တိုးမြှင့်နိုင်တာကြောင့် Gamer တွေတင်မဟုတ်ဘဲ Multitasking ပြုလုပ်နေရတဲ့ Professional တွေအတွက်ပါ စိတ်တိုင်းကျစေမှာသေချာပါတယ်။

Storage အနေနဲ့ကလည်း Read/Write Speed အလွန်မြန်ဆန်တဲ့ Next Gen PCI-E 4.0 SSD ကိုမှ 1TB အထိ အသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် Game Library များပြားတဲ့ Gamer တွေအနေနဲ့ စိတ်ကြိုက် Game တွေကိုထည့်ထားနိုင်သလို အမြန်နှုန်းကျသွားမှာလည်း လုံးဝစိုးရိမ်ဖို့မလိုတော့ပါဘူး။ နောက်ထပ်လည်း SSD တွေကို ထည့်သွင်းနိုင်တာကြောင့် Storage မလောက်ရင်လည်း SSD ထပ်တိုးနိုင်ဦးမှာပါ။

ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းတကာ့အကောင်းဆုံးအဆင့်မှာ ရှိနေသလို Gamer တွေအတွက် အရေးပါတဲ့ Display ပိုင်းမှာလည်း ASUS ROG Strix SCAR 17 (G733) က အကောင်းဆုံးဖြစ်နေဆဲပါ။ Game တွေအတွက် Immersive ဖြစ်နေစေမယ့် 17.3” IPS Full HD Display ကိုမှ Refresh Rate ကို 360Hz အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Refresh Rate မြန်ဆန်ဖို့လိုအပ်တဲ့ Valorant ၊ CS : Go လိုမျိုး eSport ဂိမ်းတွေမှာ 400fps ဝန်းကျင်အထိရရှိနိုင်တာကြောင့် တခြား Display Panel တွေအားလုံးကို နောက်ကောက်ချထားနိုင်တဲ့ စွမ်းဆောင်ရည်ရှိနေမှာ သေချာပါတယ်။ Response Time ကလည်း 3ms ပဲရှိတာကြောင့် ကိုယ်မျက်လုံးက မြင်လိုက်တာနဲ့ Response Time က ကွက်တိကျနေမှာပါ။

Gaming ပိုင်းတင် ကောင်းမွန်နေတာမဟုတ်ဘဲ Color Accuracy ပိုင်းမှာ 100% sRGB နဲ့ 300 Nits Brightness ရှိတဲ့အတွက် Professional Photo ၊ Video Editor တွေအတွက်လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Anti-Glare Display အမျိုးအစားဖြစ်တာကြောင့် အလင်းရောင်အောက်မှာလည်း အလင်းရောင်ပြန်ဟပ်တာမျိုးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ Battery နဲ့ အသုံးပြုမယ်ဆိုရင်လည်း Display Refresh Rate ကိုလျော့ချပေးနိုင်တဲ့ Adaptive Sync နည်းပညာကို ထည့်သွင်းပေးထားပါသေးတယ်။

နောက်ထပ် ASUS ကနေ ယခု ၂၀၂၂ ခုနှစ် ROG Gaming Laptop တွေကို စွမ်းဆောင်ရည်ပိုကောင်းလာဖို့အတွက် အသစ်ထည့်သွင်းပေးခဲ့တဲ့ နည်းပညာတစ်ခုရှိနေပါသေးတယ်။ ဒါကတော့ MUX Switch လို့အမည်ရပြီး တခြားပုံမှန် Laptop တွေလိုမျိုး GPU က Display Output ကို Monitor Display ဆီကို Integrated Graphics ကနေတစ်ဆင့်ခံပြီး ဖော်ပြမယ့်အစား GPU ကနေ Display Monitor ကို တိုက်ရိုက်ဖော်ပြနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး တိုက်ရိုက်ချိတ်ဆက်လိုက်တာကြောင့် Gaming Performance ပိုင်းမှာ ပျှမ်းမျှ ၂၀ ရာခိုင်နှုန်းအထိ ပိုကောင်းလာစေတယ်လို့ သိရပြီး eSport Game တွေမှာ စမ်းသပ်ကြည့်တဲ့အချိန်မှာလည်း Frame Rate က ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ပိုကောင်းလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီ MUX Switch ဖြင့် Nvidia GPU ကိုပဲ အသုံးပြုမယ်ဆိုရင် Battery နဲ့အသုံးပြုတဲ့အချိန်မှာတော့ ပုံမှန်ထက် Battery ပိုကုန်စေမှာပါ။

ဒါပေမယ့်လည်း ASUS ROG Strix SCAR 17 (G733) မှာပါဝင်တဲ့ 90Whr Battery ဟာ ပုံမှန်အနေနဲ့အသုံးပြုမယ်ဆိုရင်တော့ Web Browsing ၊ Media Consumption ပိုင်းအနေနဲ့ဆိုရင် အချိန်အတော်လေးအသုံးခံတာကိုတွေ့ရပါတယ်။ ပုံမှန်အနေနဲ့ ပျှမ်းမျှ ၇ နာရီဝန်းကျင်အထိ အသုံးပြုနိုင်တာကြောင့် Gaming Laptop တစ်လုံးအနေနဲ့ အားရဖို့ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ USB-C ကနေတစ်ဆင့် 100W အထိ အားသွင်းပေးနိုင်သလို ကိုယ်က Game ဆော့မယ်၊ ဒါမှမဟုတ် Performance အပြည့်သုံးချင်တယ်ဆိုရင်တေ့ာ 280W Power Adapter ဖြင့်အသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ Power Mode တွေအနေနဲ့လည်း Silent ၊ Performance ၊ Turbo Mode ဆိုပြီး ခွဲခြားထားပြီး Performance Mode မှာ 40dB ၊Turbo Mode မှာတောင် Fan အသံက 50dB ဝန်းကျင်ပဲရှိတာကြောင့် အသံငြိမ်တယ်လို့ ပြောနိုင်ပါတယ်။

ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ အလွန်ကောင်းမွန်နေသလို Design ပိုင်းကလည်း ROG Strix SCAR 17 (G733) Gaming Laptop ဟာ မြင်လိုက်တာနဲ့ Premium Gaming Laptop တစ်လုံးမှန်းတန်းသိနိုင်စေပါတယ်။ Numpad ပါဝင်ပြီး Macro Keys တွေပါဝင်တဲ့ Keyboard နေရာကို တခြမ်းဖောက်ထွင်းမြင်နိုင်အောင် ပြုလုပ်ပေးထားတာက တခြား Gaming Laptop တွေနဲ့ အလွန်ကွဲထွက်နေပြီး လှပနေတာဖြစ်ပါတယ်။ နောက်ကျောဘက် Lid မှာလည်း ROG Logo ကို RGB ထည့်သွင်းပေးထားပြီး Display Panel အောက်ဖက်နဲ့ Laptop အောက်ခြေမှာလည်း RGB Light Bar တွေကိုထည့်ပေးထားတာကြောင့် တကယ့်ကို ခန့်ထည်တဲ့ Gaming Laptop တစ်လုံးအသွင်ရှိမှာဖြစ်ပါတယ်။ ကိုယ့်စိတ်ခံစားချက်ပေါ်မှုတည်ပြီး ကြိုက်နှစ်သက်ရာလဲလှယ်နိုင်တဲ့ ROG Armor Cap လည်းပါဝင်တာက ထူးခြားနေစေမှာသေချာပါတယ်။ အလေးချိန်ကလည်း 2.9Kg ပဲရှိတာကြောင့် 17.3” Gaming Laptop တစ်လုံးအတွက် တော်တော်လေးကို ပေါ့ပါးနေပါတယ်။

ASUS ကနေ Trackpad ကိုလည်း ပိုပြီးကြီးမားအောင်ပြုလုပ်ထားတာကြောင့် Mouse အသုံးမပြုချင်တဲ့အချိန်တွေမှာလည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Personal Data တွေ၊ Profile တွေကို လုံခြုံအောင်သိမ်းထားနိုင်မယ့် ROG Keystone Feature လည်း ပါဝင်ပါသေးတယ်။ Webcam ကတော့ ပါဝင်ခြင်းမရှိသေးပေမယ့် Dolby Atmos Support ပြုလုပ်တဲ့ 4 Speaker System က အသံထွက်အလွန်ကောင်းသလို Voice Chat တွေအတွက်လည်း AI Noise Canceling နည်းပညာပါဝင်မှာဖြစ်ပါတယ်။ Keyboard အနေနဲ့ကလည်း Per-key RGB Customize ပြုလုပ်နိုင်သလို Typing Experience အနေနဲ့လည်း တော်တော်လေးကို အားရဖို့ကောင်းတာကိုတွေ့ရပါတယ်။

Ports တွေအနေနဲ့ကတော့ 1x 2.5G LAN port ၊ 1x Thunderbolt™ 4 support DisplayPort™ ၊ 1x USB 3.2 Gen 2 Type-C support DisplayPort™ / power delivery / G-SYNC ၊ 2x USB 3.2 Gen 1 Type-A ၊ 1x HDMI 2.1 ၊ 1x 3.5mm Combo Audio Jack စသဖြင့် အပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။ Bluetooth 5.2 အပြင် နောက်ဆုံးမိတ်ဆက်ထားတဲ့ Wi-Fi 6E ကိုပါ ထောက်ပံ့ပေးနိုင်တာကြောင့် လာမယ့်နှစ်တွေအထိ Network ပိုင်းမှာ Future-proof ဖြစ်နေဦးမှာပါ။

ASUS ROG Strix SCAR 17 (G733) Gaming Laptop ဟာ ယခု Intel 12th Gen i9 Version ကို $2,849 ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဘက်ဘက်မှာ အားနည်းချက်မရှိနေတဲ့အပြင် စွမ်းဆောင်ရည်အကောင်းဆုံးကိုမှ လိုချင်တဲ့ Gamer တွေအတွက် အသင့်တော်ဆုံး Gaming Laptop တစ်လုံးလို့ပဲ သတ်မှတ်ချင်ပါတယ်။ ASUS ကနေ Intel i7-12700H ၊ RAM 8GB ၊ Nvidia RTX 3060 GPU တွေပါဝင်တဲ့ Version ကိုလည်း $2,299 ဖြင့်ရောင်းချသွားမယ်လို့ သိရတာကြောင့် စျေးပိုသက်သာချင်တဲ့ Gamer တွေအတွက်လည်း ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။