ယခင်တုန်းက MMORPG ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ World of Warcraft ဟာ PC အပြင် Mobile Version ကိုပါ ထုတ်လုပ်နိုင်ဖို့အတွက်လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဆောာင်ရွက်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ World of Warcraft ကို ပိုင်ဆိုင်တဲ့ Blizzard ကုမ္ပဏီကနေ Mobile Version ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဆိုပြီး ကြေညာခဲ့ပါတယ်။


အခုလိုမျိုး ရပ်ဆိုင်းလိုက်ရတာဟာ Blizzard ကနေ World of Warcraft Mobile ဂိမ်းထုတ်လုပ်မှုအအတွက် Chinese Publishing Partner အဖြစ်ပူးပေါင်းဆောင်ရွက်ထားတဲ့ NetEase ကုမ္ပဏီနဲ့ ငွေကြေးပြဿနာတွေဖြစ်ပေါ်လာတာကြောင့် ယခု Project ကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Bloomberg Media ကနေ ထုတ်ပြန်ချက်အရတော့ World of Warcraft Mobile ဂိမ်းကို Codename အနေနဲ့ “Neptune” လို့ နာမည်ပေးထားတယ်လို့ သိရပါပြီး PC Version ရဲ့ Spinoff Version တစ်ခုအဖြစ် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Blizzard ကနေ ရပ်ဆိုင်းလိုက်တာကြောင့် တခြားသော Mobile ဂိမ်းတွေဖြစ်တဲ့ Warcraft Arclight Rumble နဲ့ Diablo Immortal ဂိမ်းတွေပဲ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Blizzard ဟာ NetEase ကုမ္ပဏီနဲ့ပူးပေါင်းမှုကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထဲက ပြုလုပ်ခဲ့တာဖြစ်ပြီး Diablo Immortal ဂိမ်းကိုလည်း အတူပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး World of Warcraft Mobile ဂိမ်းကို ရပ်ဆိုင်းလိုက်တာက နှမြောဖို့ကောင်းနေပါတယ်။

Ref – The Verge