Zawgyi Font Version

SAMSUNG နဲ႔ HUAWEI ဟာ ေခါက္ေကြးလို႔ရတဲ့ မ်က္ႏွာျပင္နဲ႔ ဖုန္းေတြထုတ္ဖို႔ အျပိဳင္ၾကိဳးစားေနၾကတဲ့ ကုမၸဏီႏွစ္ခုပါ။ ဘယ္သူ ပထမဆံုး မ်က္ႏွာျပင္ေခါက္ေကြးဖုန္းထုတ္မလဲဆိုတာ ေစာင့္ေမွ်ာ္ေနၾကတဲ့ သူေတြအမ်ားအျပားရွိျပီး အခုေနာက္ဆံုး သတင္းေတြအရ မထင္မွတ္ထားတာေလးတစ္ခုျဖစ္သြားပါတယ္။ ပထမဆံုး မ်က္ႏွာျပင္ေခါက္ေကြးဖုန္းကို SAMSUNG နဲ႔ HUAWEI ကမဟုတ္ပဲ ၾကားထဲက Lenovo ကေန ထုတ္လုပ္ေတာ့မွာျဖစ္ပါတယ္။ အဆိုပါ Lenovo မ်က္ႏွာျပင္ေခါက္ေကြးဖုန္းရဲ႕ ဒီဇိုင္းအေနအထားကို (၂၀၁၆) မွာက်င္းပခဲ့တဲ့ Lenovo Tech World ျပပြဲမွာ ျပသခဲ့တာျဖစ္ျပီး စမ္းသပ္ေအာင္ျမင္သြားတဲ့ အဆိုပါ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းကို မၾကာခင္မွာ စတင္မိတ္ဆက္ေတာ့မွာပါ။ အဆိုပါ ေခါက္ေကြးဖုန္းရဲ႕ စမ္းသပ္ဆဲ ဗားရွင္းကို ဆယ္စကၠန္႔ ဗီဒီယို ထဲမွာျပသထားပါတယ္။

အဆိုပါ Video Teaser ကို Lenovo ရဲ႕ ကိုယ္ပိုင္ တရားဝင္ Weibo အေကာင့္ေပၚမွာ တင္ခဲ့တာျဖစ္ျပီး အမွန္တစ္ကယ္အလုပ္လုပ္တဲ့ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းကိုေတြ႔ရတာပါ။ ဖုန္းကို (၈၀) ဒီဂရီ ေခါက္ခ်ိဳးခ်ိဳးလိုက္ရင္ေတာင္ မ်က္ႏွာျပင္က အထိအေတြ႔ေတြကို တံု႔ျပန္ႏိုင္စြမ္းရွိေနတာကိုေတြ႔ရပါတယ္။ ဒါေပမယ့္လည္း ဖုန္းမ်က္ႏွာျပင္မွာ ေခါက္ခ်ိဳးရာမည္းမည္းေလးေတြေတြ႔ရတာေၾကာင့္ ေခါက္ခ်ိဳးဖုန္းဆိုေပမယ့္ အဲ့ေလာက္ၾကီး ေခါက္တဲ့ခ်ိဳးတဲ့ဒဏ္ကို အဲ့ေလာက္ၾကီး ခံႏိုင္ရည္မရွိဘူး ဆိုတာေတြ႔ရပါတယ္။ အဆိုပါ Teaser Video အရ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းကို ေအာက္တိုဘာလ (ဒီလ) အတြင္းမွာပဲ မိတ္ဆက္မယ္လို႔ေတာ့ခန္႔မွန္းရပါတယ္။

Lenovo ရဲ႕ Weibo မွာတင္ထားတဲ့ ပိုစ့္အရ ဒီလအတြင္းမွာ ေခါက္ေကြးဖုန္းမိတ္ဆက္ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ သိရေပမယ့္ ဘာပစၥည္းေတြသံုးထားတယ္ဆိုတာေတာ့မသိရေသးပါဘူး။ ေကာလဟလေတြအရေတာ့ အဆိုပါ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းမွာ 4.35 -inch AMOLED Display သံုးထားျပီး ဖုန္းကို ေခါက္ခ်ိဳး ခ်ိဳးကာ လက္ပတ္နာရီအျဖစ္ ဝတ္ဆင္ႏိုင္ပါတယ္။ ဖုန္းပံုစံ အေနအထားေပၚမူတည္ျပီး Phone Mode နဲ႔ Watch Mode ဆိုျပီး အလိုအေလ်ာက္ ေျပာင္းေပးသြားမွာပါ။ eSIM Support လည္းပါဝင္ျပီး ကိုယ္ၾကိဳက္တဲ့ Operator ကိုအသံုးျပဳလို႔ရပါတယ္။ Teaser Video အရ ဒီလမွာ မိတ္ဆက္ႏိုင္ေပမယ့္ Lenovo ဘက္ကေန Media ေတြကိုအေၾကာင္းတစ္စံုတစ္ရာ ေျပာၾကားခ်င္းမရွိတဲ့အတြက္ ဒီလထဲမိတ္ဆက္မယ္လို႔ တစ္ထစ္ခ်ၾကီးေတာ့ ေျပာလို႔မရေသးပါဘူး။

Ref: Gizmo China

Unicode Version

SAMSUNG နဲ့ HUAWEI ဟာ ခေါက်ကွေးလို့ရတဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေထုတ်ဖို့ အပြိုင်ကြိုးစားနေကြတဲ့ ကုမ္ပဏီနှစ်ခုပါ။ ဘယ်သူ ပထမဆုံး မျက်နှာပြင်ခေါက်ကွေးဖုန်းထုတ်မလဲဆိုတာ စောင့်မျှော်နေကြတဲ့ သူတွေအများအပြားရှိပြီး အခုနောက်ဆုံး သတင်းတွေအရ မထင်မှတ်ထားတာလေးတစ်ခုဖြစ်သွားပါတယ်။ ပထမဆုံး မျက်နှာပြင်ခေါက်ကွေးဖုန်းကို SAMSUNG နဲ့ HUAWEI ကမဟုတ်ပဲ ကြားထဲက Lenovo ကနေ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အဆိုပါ Lenovo မျက်နှာပြင်ခေါက်ကွေးဖုန်းရဲ့ ဒီဇိုင်းအနေအထားကို (၂၀၁၆) မှာကျင်းပခဲ့တဲ့ Lenovo Tech World ပြပွဲမှာ ပြသခဲ့တာဖြစ်ပြီး စမ်းသပ်အောင်မြင်သွားတဲ့ အဆိုပါ မျက်နှာပြင်ခေါက်ကွေးဖုန်းကို မကြာခင်မှာ စတင်မိတ်ဆက်တော့မှာပါ။ အဆိုပါ ခေါက်ကွေးဖုန်းရဲ့ စမ်းသပ်ဆဲ ဗားရှင်းကို ဆယ်စက္ကန့် ဗီဒီယို ထဲမှာပြသထားပါတယ်။

အဆိုပါ Video Teaser ကို Lenovo ရဲ့ ကိုယ်ပိုင် တရားဝင် Weibo အကောင့်ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး အမှန်တစ်ကယ်အလုပ်လုပ်တဲ့ မျက်နှာပြင်ခေါက်ကွေးဖုန်းကိုတွေ့ရတာပါ။ ဖုန်းကို (၈၀) ဒီဂရီ ခေါက်ချိုးချိုးလိုက်ရင်တောင် မျက်နှာပြင်က အထိအတွေ့တွေကို တုံ့ပြန်နိုင်စွမ်းရှိနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဖုန်းမျက်နှာပြင်မှာ ခေါက်ချိုးရာမည်းမည်းလေးတွေတွေ့ရတာကြောင့် ခေါက်ချိုးဖုန်းဆိုပေမယ့် အဲ့လောက်ကြီး ခေါက်တဲ့ချိုးတဲ့ဒဏ်ကို အဲ့လောက်ကြီး ခံနိုင်ရည်မရှိဘူး ဆိုတာတွေ့ရပါတယ်။ အဆိုပါ Teaser Video အရ မျက်နှာပြင်ခေါက်ကွေးဖုန်းကို အောက်တိုဘာလ (ဒီလ) အတွင်းမှာပဲ မိတ်ဆက်မယ်လို့တော့ခန့်မှန်းရပါတယ်။

Lenovo ရဲ့ Weibo မှာတင်ထားတဲ့ ပိုစ့်အရ ဒီလအတွင်းမှာ ခေါက်ကွေးဖုန်းမိတ်ဆက်ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပေမယ့် ဘာပစ္စည်းတွေသုံးထားတယ်ဆိုတာတော့မသိရသေးပါဘူး။ ကောလဟလတွေအရတော့ အဆိုပါ မျက်နှာပြင်ခေါက်ကွေးဖုန်းမှာ 4.35 -inch AMOLED Display သုံးထားပြီး ဖုန်းကို ခေါက်ချိုး ချိုးကာ လက်ပတ်နာရီအဖြစ် ဝတ်ဆင်နိုင်ပါတယ်။ ဖုန်းပုံစံ အနေအထားပေါ်မူတည်ပြီး Phone Mode နဲ့ Watch Mode ဆိုပြီး အလိုအလျောက် ပြောင်းပေးသွားမှာပါ။ eSIM Support လည်းပါဝင်ပြီး ကိုယ်ကြိုက်တဲ့ Operator ကိုအသုံးပြုလို့ရပါတယ်။ Teaser Video အရ ဒီလမှာ မိတ်ဆက်နိုင်ပေမယ့် Lenovo ဘက်ကနေ Media တွေကိုအကြောင်းတစ်စုံတစ်ရာ ပြောကြားချင်းမရှိတဲ့အတွက် ဒီလထဲမိတ်ဆက်မယ်လို့ တစ်ထစ်ချကြီးတော့ ပြောလို့မရသေးပါဘူး။

Ref: Gizmo China