Artificial Intelligence (AI) ဟာ လူသားတွေကို အကျိုးပြုတဲ့ နည်းပညာ ဖြစ်လာပါပြီ။ AI ကို လျှပ်စစ် စက်ဘီးတွေကနေ မောင်းသူမဲ့ကားတွေအထိ အသုံးပြုနေကြပါတယ်။ အခုတော့ Lenovo CEO က AI ဖုန်းနဲ့ ကွန်ပြူတာတွေ မကြာခင် ထွက်လာတော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Lenovo feature

Lenovo ရဲ့ CEO Yang Yuanqing က AI Chip တွေဟာ ဉာဏ်ရည်မြင့် Device တွေကို ဖန်တီးပေးမယ်လို့ ပြောပါတယ်။ သူက ဒီနှစ်ထဲမှာ မဟုတ်ဘဲ နောက်နှစ်မှာ အကျိုးသက်ရောက်မှု ရှိလာမယ်လို့ ပြောပါတယ်။ သူက နောက်နှစ်မှာ AI ဖုန်းနဲ့ ကွန်ပြူတာတွေ ထွက်လာမယ်လို့ ပြောပါတယ်။

Yang Yuanqing က ကမ္ဘာအဝန်းမှာ AI နည်းပညာကို အသုံးချဖို့နဲ့ AI နည်းပညာကို တိုးတက်အောင်လုပ်ဖို့ နောက် ၃ နှစ်အတွင်း ယွမ် ၇၀ ဘီလီယမ်ကို ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမယ်လို့ပြောပါတယ်။

Mobile phones with built-in AI in 2024? This said the CEO of Lenovo -  Crast.net

Lenovo ဟာ သာမာန် ပီစီလုပ်ငန်း အပြင် AI နည်းပညာကိုပါ ဦးစားပေးလုပ်ဆောင်လာမယ့်ပုံရပါတယ်။ နည်းပညာလောကမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ချင်နေပါတယ်။ Lenovo ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ AI ဟာ အဓိက နည်းပညာ ဖြစ်လာမှာပါ။

Lenovo ဟာ AI နယ်ပယ်မှာ အနည်းငယ်နောက်ကျနေပုံရပါတယ်။ Microsoft, Amazon, Google တို့လို တခြား  နည်းပညာ ကုမ္ပဏီကြီးတွေဟာ AI နယ်ပယ်မှာ တိုးတက်မှုများစွာ ရရှိထားပါတယ်။

Ref : gizmochina