Lenovo Tab  M10 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး 10.61” LCD 2000x1200p မျက်နှာပြင် တပ်ဆင်ထားကာ 400 nits Peak Brightness ထောက်ပံ့ထားပါတယ်။

မျက်နှာပြင်မှာ TUV Eye Care Certification ရထားတဲ့အတွက် Blue Light ကို လျှော့ချပေးကာ မျက်စိ ပျက်ဆီးမှုကို ကာကွယ်ပေးပါတယ်။ အလေးချိန်က ၄၉၀ ဂရမ်ရှိပြီး ၁၂ နာရီကြာ ဗီဒီယိုကြည့်နိုင်တဲ့ 7,700mAh Battery တပ်ဆင်ထားပါတယ်။

Lenovo Tab M10 5G | 26.94cms (10.61) ultimate connectivity tablet | Lenovo  India

Lenovo Tab M10 5G မှာ Qualcomm Snapdragon 695 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Internal Storage အထိ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 13MP ကင်မရာ တပ်ဆင်ထားပါတယ်။ တခြားလုပ်ဆောင်ချက်တွေထဲမှာ Dolby Atmos ပါတဲ့ စပီကာ ၂ လုံး၊ nano SIM နဲ့ SD Card Slot ထည့်သွင်းထားပါတယ်။

Lenovo Tab M10 with 5G Connectivity Arrives In India; Starts at Rs 24,999 |  Beebom

Lenovo Tab M10 5G အတွက် 4GB+128GB နဲ့ 6GB+128GB Version ၂ မျိုးထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၄,၉၉၉ ရူပီး သတ်မှတ်ထားပြီး Amazon India နဲ့ Flipkart ကနေ အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာ စတင် ရောင်းချပေးလိုက်ပြီး ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ Lenovo Exclusive Stores တွေကနေလည်း ရောင်းချပေးထားပါတယ်။

Ref : gizmochina