Duke တက္ကသိုလ်မှ ပညာရှင်တွေက ရင်သားကင်ဆာကို ၅ နှစ်ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည်မြင့် AI ကို ဖန်တီးလိုက်ပြီး လူသား ဆရာဝန်တွေထက် ပိုမို တိကျပါတယ်။

Researchers Develop Deep Learning Model to Predict Breast Cancer : r/OpenAI

အဲဒီ နည်းပညာကို AsymMirai လို့ နာမည်ပေးထားပြီး ရင်သား ဓါတ်မှန်ကို ခွဲခြမ်းစိတ်ဖြာဖို့ Deep Learning ကို အသုံးပြုထားပါတယ်။ အထူးသဖြင့် ရင်သား ဘယ်ဘက်နဲ့ ညာဘက်မှာ မတူညီမှုတွေကို စစ်ဆေးပေးနိုင်ပါတယ်။

သမားရိုးကျ ရင်သားကင်ဆာ စစ်ဆေးတဲ့ နည်းလမ်းတွေဟာ အဲဒီလို အသေးစိတ် မစစ်ဆေးပေးနိုင်ပါဘူး။ အဲဒီအတွက် AI Model ဟာ တခြားရှုပ်ထွေးတဲ့ စနစ်တွေထက် ပိုမို ရိုးရှင်းစွာ စစ်ဆေးပေးနိုင်ပြီး တိကျမှုမြင့်မားပါတယ်။

AI model may predict if aggressive breast cancer will spread, research suggests | ITV News

ရင်သားဓါတ်မှန် ၂၁၀,၀၀၀ ကျော်နဲ့ လေ့ကျင့်သင်ကြားပေးထားတဲ့ AsymMirai ဟာ ကင်ဆာ ရောဂါ လက္ခဏာတွေကို စောစီးစွာ သိနိုင်ပါတယ်။ ကင်ဆာ ရောဂါဟာ စောစီးစွာ ကြိုတင်သိနိုင်ရင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အဲဒီအတွက် AsymMirai ဟာ လူသားတွေရဲ့ အသက်များစွာကို ကယ်တင်နိုင်မယ့် AI နည်းပညာ ဖြစ်လာမှာပါ။

Ref: Tech Explorers