သိပ္ပံပညာရှင်တွေဟာ လူသား ဦးနှောက်လိုမျိုး အလုပ်လုပ်နိုင်တဲ့ Software ကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာကို Neuromorphic Computing လို့ ခေါ်ပါတယ်။

သတင်းအချက်အလက်တွေကို ရယူတာ၊ အတွေ့အကြုံတွေကနေ သင်ယူတာနဲ့ အခြေအနေအလိုက် အလုပ်လုပ်တာ အပါအဝင် လူသား ဦးနှောက်လိုမျိုး အလုပ်လုပ်နိုင်တဲ့ Software နဲ့ Hardware စနစ်ကို ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။

The organoid in an experiment

အခုတော့ သိပ္ပံပညာရှင် အဖွဲ့ ၁ ဖွဲ့က လူသား ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ တကယ့် လူသား ဦးနှောက် Tissue နဲ့ Electronics ကို ပေါင်းစပ်ထားတဲ့ အထူး ကွန်ပြူတာ ၁ လုံးကို ဖန်တီးလိုက်ပါတယ်။ အဲဒီနည်းပညာ အသစ်ကို Brainoware လို့ ခေါ်ပြီး Brain Organoid လို့ခေါ်တဲ့ အရွယ်သေး ဦးနှောက်နဲ့တူတဲ့ Structure ကို အသုံးပြုထားပါတယ်။ Brain Organoid ကို လူသား ပင်မ ဆဲလ်ကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။

Artificial Intelligence Hardware – Who Should Adopt it First, and Why?

Organoid ဟာ တကယ့် ဦးနှောက်တော့ မဟုတ်ဘဲ စဉ်းစားတွေးခေါ်နိုင်မှုနဲ့ စိတ်ခံစားမှု မရှိပါဘူး။ အဲဒါဟာ Tissue အုပ်စု ဖြစ်ပြီး သိပ္ပံပညာရှင်တွေ လူ့ ဦးနှောက် အလုပ်လုပ်ပုံကို လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် လူသား ဦးနှောက်ကို လေ့လာဖို့ တကယ့် လူသားတွေ မလိုအပ်တော့ပါဘူး။

Organoid ဟာ သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်း ရှိပါတယ်။ သိပ္ပံပညာရှင် အဖွဲ့က ပြောစကားတွေကို မှတ်သားပြီး အဖြေထုတ်နိုင်အောင် သင်ကြားပေးတဲ့အခါမှာ အဖြေတွေဟာ မှန်ကန်တာကို တွေ့ရပါတယ်။ အနာဂတ်မှာ လူ့ ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ ကွန်ပြူတာတွေ ထွက်ပေါ်လာတော့မှာပါ။

Ref : interestingengineering