Apple က 14” နဲ့ 16” MacBook Pro အသစ်တွေကို ကြေညာလိုက်ပြီး M3 Chip အသစ် ထည့်သွင်းထားပါတယ်။ တန်ဖိုးနည်း မော်ဒယ်ဟာ 14” ဖြစ်ပြီး M3 Chip ထည့်သွင်းထားကာ Touch Bar မပါလာပါဘူး။

Apple brings 14” and 16” MacBook Pro with new M3 chips, removes Touch Bar

Chip အသစ်တွေဟာ တိုးတက်လာပြီး M3 Pro နဲ့ M3 Max Version တွေအတွက် Space Gray ထက် ပိုနက်မှောင်တဲ့ Space Black ကို ထုတ်လုပ်ပေးထားပါတယ်။ Apple က Space Black ဟာ လက်ဗွေရာ သိပ်မထင်ဘူးလို့ ပြောပါတယ်။

Apple brings 14” and 16” MacBook Pro with new M3 chips, removes Touch Bar

Apple က M3 Pro ပါတဲ့ 16” MacBook Pro ဟာ အားအပြည့်သွင်းထားရင် ၂၂ နာရီ အသုံးခံတယ်လို့ ပြောပါတယ်။ 14” Version တွေမှာ ပိုသေးတဲ့ ဘက်ထရီတွေ ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ သက်တမ်း ပိုနည်းပါတယ်။ M3 Max Version တွေမှာလည်း ဘက်ထရီ သက်တမ်း လျှော့ချထားပြီး အသေးစိတ် သတင်းအချက်အလက်ကို မသိရသေးပါဘူး။

Apple brings 14” and 16” MacBook Pro with new M3 chips, removes Touch Bar

14” M3 MacBook Pro ဟာ အရင်မျိုးဆက်ထက် အကြီးမားဆုံး တိုးတက်လာပါတယ်။ 13” MacBook မှာ ပါတဲ့ ထူထဲတဲ့ ဘေးဘောင်တွေကို ဖယ်ရှားထားပြီး Notch တပ်ဆင်ထားပါတယ်။ Liquid Retina XDR မျက်နှာပြင် ပါတဲ့ အရွယ်ကြီး လက်ပ်တော့တွေနဲ့ တူသွားပါတယ်။

Apple brings 14” and 16” MacBook Pro with new M3 chips, removes Touch Bar

MacBook Pro လက်ပ်တော့ အသစ်တွေရဲ့ I/O ဟာ M2 မော်ဒယ်တွေနဲ့ တော်တော်တူပါတယ်။ Thunderbolt 14 Port ၃ ခု၊ HDMI Port ၁ ခု၊ SD Card Reader ၁ ခုနဲ့ အားသွင်းဖို့အတွက် MagSafe Connector ၁ ခု ပါပါတယ်။ မျက်နှာပြင်ရဲ့ Brightness က 600 Nits ဖြစ်ပြီး အရင်ကထက် ၂၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။

အခြေခံ 14” M3 MacBook Pro မှာ 8GB RAM နဲ့ 512GB Storage ပါပြီး ၁,၅၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 1TB Version က ဒေါ်လာ ၂၀၀ ပိုများပါတယ်။

M3 Pro ပါတဲ့ 14” MacBook Pro ဟာ ၁,၉၉၉ ဒေါ်လာကစပြီး 18GB RAM နဲ့ 512GB Storage ပါပါတယ်။ 1TB Version ကို ၂,၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တန်ဖိုးအကြီးဆုံး M3 Max မှာ 36GB RAM နဲ့ 1TB Storage ပါလာပြီး ၃,၁၉၉ ဒေါ်လာ ကျသင့်ပါတယ်။

16” MacBook Pro ဟာ ၂,၄၉၉ ဒေါ်လာကစပြီး M3 Pro , 18GB RAM နဲ့ 512GB Storage ပါပါတယ်။ 36GB Version ဟာ ၂,၈၉၉ ဒေါ်လာ ကျသင့်ပါတယ်။ M3 Max နဲ့ 36GB ပါတဲ့ မော်ဒယ်ကို ၃,၄၉၉ ဒေါ်လာနဲ့ 48GB ပါတဲ့ မော်ဒယ်ကို ၃,၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena