Asus ဟာ Computex 2018 ပွဲမှာ သူ့ရဲ့ Wireless Charging Mouse pad ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mouse Pad ကို ROG Balteus Qi လို့ခေါ်ဆိုနိုင်ပြီး အထဲမှာ Built-in Qi Wireless Charging ပါပါတယ်။ ဆိုလိုတာကတော့ သင်ဟာ ဂိမ်းဆော့နေရင်းနဲ့ တစ်ပြိုင်တည်း Mouse ကို အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Source: techradar.com

ဒီ Balteus Qi Mouse Pad ဟာ 370 x 320mm Micro-Textured Hard Surface ကို Mouse ရဲ့ Movement တွေအတွက် အသုံးပြုထားပါတယ်။ ဒီ Mouse Pad မှာ သင့်ကို ဆွဲဆောင်နိုင်မယ့် တစ်ချက်ကတော့ Aura Sync RGB Lighting Zone ၁၅ ခုပါလာတာပါ။ USB 2.0 port ကို သုံးထားတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် တချို့ Qi Charging ကို မကြိုက်တဲ့ လူတွေအတွက်ကတော့ ရိုးရိုး ROG Balteus Mouse Pad ရှိပါတယ်။ Wireless Charging မပါတော့တာက လွဲလို့ ကျန်တာတွေကတော့ ဘာမှ မကွာခြားသွားပါဘူး။

Source: theverge.com

ဒီ Wireless Mouse Pad နဲ့ပတ်သက်ပြီး ပရိတ်သတ်ကြီးအနေနဲ့ရော ဘယ်လိုထင်ကြလဲ။ Gamer တွေအတွက် တကယ် အသုံးဝင်မယ့် ပစ္စည်းတစ်ခုလို့ ထင်လား။ Gamer သူငယ်ချင်းတွေရှိရင်လည်း ဒီသတင်းကို လက်တို့လိုက်ကြပါဦး။