Esport ကို စိတ်ဝင်စားတဲ့ Gamer တွေအတွက်ကတော့ အကောင်းဆုံး Gaming Laptop စာရင်းကို ထုတ်ပြန်ပေးလိုက်ပါပြီ။
PC နဲ့ဆော့နိုင်သလို Laptop နဲ့ဆော့တာကိုမှ ပိုကြိုက်တဲ့သူတွေအတွက် ဒါလေးတွေ ဝယ်ဖို့ စိတ်ကူးရှိတယ်ဆိုလည်း တီးမိခေါက်မိရှိတာပေါ့။ ချစ်သူကောင်လေးကို Surprise လုပ်ပေးမယ့် မမများလည်း Gaming Laptop တွေ ရှာဝယ်ပေးလို့ရပါတယ်လို့။ 😛
1. Asus ROG Zephyrus GX501
CPU: Intel Core i7 | Graphics: Nvidia GeForce GTX 1080 (8GB GDDR5X VRAM) | RAM: 16GB | Screen: 15.6-inch FHD (1,920 x 1,080) Anti-Glare, Wide-View 120Hz Panel with G-Sync | Storage: 512GB M.2 PCIe x4 SSD
$2099
ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုအပြည့်နဲ့ Powerful ဖြစ်တယ်။ ဆန်းသစ်တီထွင်ထားတဲ့ Cooling System ကြောင့် Heat မတက်ဘူး။ အသံမထွက်ဘူး။
Battery Life ကတော့ သိပ်အားရစရာမကောင်းပါဘူး။ Review တွေအရတော့ Keyboard ကလည်း နည်းနည်းချာတယ်ပြောရမယ်တဲ့။
2. Razer Blade
CPU: 2.6GHz Intel Core i7-6700HQ | Graphics: Nvidia GeForce GTX 1060 (6GB GDDR5 VRAM) | RAM: 16GB | Screen: 14-inch FHD (1,920 x 1,080) – QHD+ (3,200 x 1,800) IGZO (LED Backlit, Multi-Touch) | Storage: 256GB – 1TB PCIe SSD
$1749.99
သူ့ Battery က ပြောစရာမရှိ။ အပိုအလိုမရှိ ကွက်တိ။ 4K Display နဲ့အလန်းစား။ Fans တွေကတော့ အသေဝုန်းပြီး တအားဆူပါတယ်တဲ့။ Noise မကြိုက်တဲ့သူတွေ နံပါတ်တစ်လေး ဝယ်သင့်ပါတယ်။ Upgrade လုပ်ရာမှာလည်း limited ဖြစ်နေလို့ သိပ်အဆင်ပြေကြီး မဟုတ်ဘူးလို့ဆိုရပါမယ်။
3. Asus ROG Strix GL502
CPU: Intel Core i7 | Graphics: Nvidia GeForce GTX 1060 – 1070 | RAM: 16GB DDR4 | Screen: 15.6-inch full HD 1,920 x 1,080 IPS | Storage: 128GB – 256GB SSD, 1TB HDD
$1149.99
Full HD Gaming မျိုးရှာနေရင် ဆိုင်သွားပြီး ဒီ Laptop ကြီးသာပြေးဝယ်လိုက်တော့။
ရုပ်ထွက်အားကောင်းတဲ့ ဖန်သားပြင်ကြောင့် ဆော့ရတာလုံးဝကို ကောင်းမွန်တဲ့ feeling ရရှိစေမှာပါ။ Battery Life ကတော့ အလယ်အလတ်ပါပဲ။
4. Alienware 13 R3
CPU: Intel Core i5 – i7 | Graphics: Nvidia GeForce GTX 1060 | RAM: 8GB – 16GB DDR4 | Screen: 13.3-inch HD 1,366 x 768 TN – QHD 2,560 x 1440 OLED Touchscreen | Storage: 180GB – 512GB SSD
$1489
သူကကျ OLED Screen သုံးထားပါတယ်။ ဒီဇိုင်းကလည်း အလန်းလေးလို့ ဆိုရမှာပါ။
ဒါပေမယ့် Weight များတယ်။ တော်တော်လေးတယ်။ Battery Life သိပ်မခံဘူး။
5. Razer Blade Pro
CPU: Intel Core i7 | Graphics: Nvidia GeForce GTX 1060 (6GB GDDR5) – 1080 (8GB GDDR5X) | RAM: 16 – 32GB | Screen: 17.3-inch, FHD (1,920 x 1,080) 120Hz Matte IPS – UHD (3,840 x 2,160) IGZO touchscreen with G-Sync | Storage: 512GB – 2TB PCIe SSD
$3959
Desktop နဲ့ ဆော့ရတဲ့ Experience မျိုးကို ဒီ Laptop နဲ့ဆော့နိုင်မှာပါ။ ဈေးလည်း အတန်အသင့်များသလို Battery ကတော့ ငါးနာရီအောက်ပဲခံပါတယ်။