၂၀၁၈ ရဲ့ အကြီးမားဆုံး Gaming Show လို့ဆိုရမယ့် E3 2018 ကို ကျင်းပဖို့ သီတင်းပတ် အနည်းငယ်သာ လိုတော့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ Game လောကရဲ့ ကြီး ၃ ကြီး လို့ဆိုရမယ့် Nintendo ၊ Sony နဲ့ Microsoft တို့ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် ဂိမ်းတွေကို အပြိုင်အဆိုင် ထုတ်ကြွားကြမှာလည်း ဖြစ်ပါတယ်။
E3 2018 မှာ ပါဝင်မယ့် အဓိက Game Developer တွေကတော့ EA Games, Microsoft, Bethesda, Ubisoft, Square Enix, Sony နဲ့ Nintendo တို့ပဲ ဖြစ်ပါတယ်။ PS4 ထွက်ရှိတာ အချိန်အတိုင်းအတာ တစ်ခု ရှိနေပြီဆိုပေမယ့် Sony အနေနဲ့ကတော့ PS5 နဲ့ပတ်သက်ပြီး ဘာမှထုတ်ပြဖို့ အစီအစဉ်ရှိပုံ မပေါ်ပါဘူး။ ဒါပေမယ့် Death Stranding, Ghost of Tsushima, Spiderman နဲ့ The Last of Us Part 2 တို့ကိုတော့ မျှော်လင့်လို့ရပါတယ်။
Microsoft ကလည်း E3 2018 မှာ ပရိတ်သတ်တွေအတွက် Plan တွေရှိတယ်လို့ ဆိုထားပါတယ်။ အားလုံးမျှော်လင့်နေတာကတော့ XBOX One အသစ်ပါ။ Game လောကတစ်ခုလုံးလည်း E3 2017 မှာXBOX One X ကိုထုတ်ပြခဲ့သလို XBOX One အသစ်ကို မြင်ရတော့မလား ၊ XBOX One အသစ်က VR နဲ့ပဲဆော့ရမှာလား စသဖြင့် ရင်ခုန်နေကြပါတယ်။
လာမယ့် E3 2018 မှာ ပရိတ်သတ်ကြီးရော ဘာတွေမြင်ရနိုင်တယ်လို့ ထင်လဲ။ ဘာတွေ မျှော်လင့်ထားကြသေးလဲ။ ဘယ်လိုပဲပြောပြော ဒီပွဲမှာမြင်ရမယ့် Game တွေဟာ Gamer တွေအတွက်တော့ တစ်နှစ်စာ ရိက္ခာတွေလို့ ဆိုရမှာပါ။ သင့်ရဲ့ Gamer သူငယ်ချင်းတွေရှိရင် လက်တို့လိုက်ပါဦး။ ဒါနဲ့ E3 2018 က ဇွန်လ ၉ ရက်နေ့မှာ စတင်တော့မှာပါ။