Geely က ဉာဏ်ရည်မြင့် ကားမောင်းနှင်မှုနဲ့ Human-computer Interaction ကို တိုးတက်စေဖို့ သူ့ရဲ့ စမတ် ကားတွေမှာ အဆင့်မြင့် AI ဖြစ်တဲ့ DeepSeek ကို အသုံးပြုမှာ ဖြစ်ပါတယ်။

What’s DeepSeek, China’s AI startup sending shockwaves through global tech?

Geely ရဲ့ AI Model နဲ့ DeepSeek R1 Model ကို ပူးပေါင်းလိုက်ခြင်းအားဖြင့် Geely ဟာ ကားရဲ့ စနစ်ကို ခေတ်ရှေ့ပြေးအောင် ဖန်တီးမှာ ဖြစ်ပါတယ်။ DeepSeek ရဲ့ AI ဟာ Geely ရဲ့ Xingrui ကားထိန်းချုပ်စနစ်ကို ပိုမို စွမ်းဆောင်ရည်မြင့်မားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

DeepSeek Explained: What Is It and Is It Safe To Use? | News | AI@ND |  University of Notre Dame

Dongfeng ကလည်း သူ့ရဲ့ Zeekr နဲ့ Yoyah EV ကားတွေမှာ DeepSeek AI ကို ထည့်သွင်းနေပါတယ်။ အမေရိကန်က DeepSeek ကို ကန့်သတ်ဖို့ကြိုးစားနေတဲ့ အချိန်မှာ တရုတ် ကုမ္ပဏီတွေဟာ ပီစီကနေ စက်ရုပ်၊ လျှပ်စစ်ကားတွေအထိ နယ်ပယ်ပေါင်းစုံမှာ DeepSeek AI ကို အသုံးပြုနေကြပါတယ်။

DeepSeek ဟာ ပြိုင်ဖက် AI တွေထက် ကုန်ကျစားရိတ် အလွန်နည်းပါးစွာ ဖန်တီးထားတဲ့အတွက် နာမည်ကြီးနေပါတယ်။ ကုန်ကျစားရိတ် နည်းပါးပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် အမေရိကန်က Apple App Store မှာ ChatGPT ထက် ဒေါင်းလုပ်လုပ်တဲ့ အကြိမ်အရေအတွက် ပိုများသွားခဲ့ပါတယ်။

Ref : Technology Innovation