အရာရာတိုင်းမှာ အပြန်အလှန် ဆိုတာ ရှိပါတယ်။ အပါးလွှာဆုံး ဖုန်းကို လိုချင်ရင် တစ်ခုခု ပြန်ပေးဆပ်ရမှာပါ။ နောက်ထွက်မယ့် iPhone 17 Air နဲ့ Galaxy S25 Slim တို့ဟာ အပါးလွှာဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် အားနည်းသွားမှာက Battery တွေ ဖြစ်ပါတယ်။ Digital Chat Station က အဲဒီဖုန်းတွေမှာ Battery ဟာ 3,000mAh နဲ့ 4,000mAh အကြားပဲ ပါလာမယ်လို့ ပြောပါတယ်။

IPhone 17 Air Vs Galaxy S25 Slim: The New Ultra-Thin Device Set To  Revolutionize Trends

လက်ရှိမှာ ပြိုင်ဖက် တရုတ်ဖုန်းတွေမှာ အနည်းဆုံး 5,000mAh Battery တွေ ထည့်သွင်းပေးထားကြပါတယ်။ စွမ်းရည်သင့် ဖုန်းတွေမှာ 7,500mAh Battery ကို မကြာခင် ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် iPhone 17 Air နဲ့ Galaxy S25 Slim တို့ရဲ့ Battery ပမာဏဟာ လူရီစရာ ဖြစ်လာမှာပါ။

iPhone 17 Air, Galaxy S25 Slim: Specs, design, and everything we know so  far | Technology News - The Indian Express

တရုတ် ပြိုင်ဖက်တွေမှာ သုံးနေတဲ့ Battery သိပ်သည်းဆကို တိုးမြှင့်ပေးတဲ့ Silicon-Carbon နည်းပညာကိုလည်း Apple နဲ့ Samusng ဖုန်းတွေမှာ မသုံးထားသေးပါဘူး။

ဒါပေမယ့် တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေကလည်း iPhone 17 Air နဲ့ Galaxy S25 Slim ကို ယှဉ်ပြိုင်မယ့် ပါးလွှာတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပြီး အဲဒီဖုန်းတွေမှာ အနည်းဆုံး 5,000mAh Battery ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena