ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) 2025 ပွဲဟာ ပြီးဆုံးသွားပါပြီ။ Global Mobile Awards (GLOMO) က ကဏ္ဍ ၇ ခုအောက်မှာ ဆု ၃၃ ခုကို ကြေညာခဲ့ပြီး ၄ ခုက အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Best Smartphone: Google Pixel 9 Pro
- Breakthrough Device Innovation: Google Gemini
- Best Connected Consumer Device: Tecno Mega Mini Gaming G1
- Best in Show: Xiaomi 15 Ultra
Pixel 9 Pro ဟာ ထူးခြားတဲ့ စွမ်းဆောင်ရည်၊ တီထွင်ဆန်းသစ်မှုနဲ့ ဦးဆာင်နိုင်မှုကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ iPhone 16 Pro , Galaxy S24 Ultra, Honor Magic V3 , Vivo X200 Pro တို့နဲ့ ယှဉ်ပြိုင်ကာ ရရှိခဲ့တာ ဖြစ်ပါတယ်။
Pixel 9 Pro မှာ ပါတဲ့ Hardware နဲ့ Software ဟာ ထူးခြားကောင်းမွန်ပါတယ်။ ပရော်ဆက်ဆာ၊ ကင်မရာ၊ Screen နဲ့ တခြား နည်းပညာတွေ အပါအဝင် Gemini AI ဟာ User တွေအတွက် အလွန် အသုံးဝင်ပါတယ်။
Best in Show ကဏ္ဍမှာ Mobile World Congress မှာ Device များစွာ ရှိခဲ့ပြီး အဲဒီအထဲကနေ Xiaomi 15 Ultra ဟာ ဆုရခဲ့ပါတယ်။
Ref : gsmarena