၂၀၂၃ ခုနှစ် အစပိုင်းမှာ realme က realme GT Neo 5 မှာ 240W Charging နည်းပညာကို ပြသခဲ့ပါတယ်။ အဲဒီအချိန်တုန်းက realme ဟာ 240W Charging ကို ဖန်တီးထားတဲ့ တစ်ခုထဲသော ဖုန်း ကုမ္ပဏီ ဖြစ်ပြီး အခုတော့ realme ဟာ သူ့ကိုယ်ပိုင် စံချိန်ကို ပြန်ချိုးတော့မှာပါ။

ကုမ္ပဏီက ကြီးမားတဲ့ 10,000mAh Battery နဲ့ 320W Charging ပါတဲ့ နမူနာ ဖုန်းကို ပြသလိုက်ပါတယ်။ အံ့အားသင့်စရာကောင်းတာက ဒီလောက်ကြီးမားတဲ့ Battery ထည့်ထားတာတောင် ဖုန်းအထူက ၈.၅ မီလီမီတာနဲ့ အလေးချိန်က ၂၁၅ ဂရမ်ပဲ ရှိပါတယ်။

realme က Battery မှာ ၁၀ ရာခိုင်နှုန်း Silicon Anode သုံးထားပြီး စွမ်းအင်သိပ်သည်းဆက 887Wh/L ဖြစ်ပါတယ်။ ဖုန်းထဲမှာ Battery ထည့်သွင်းနိုင်ဖို့ ကုမ္ပဏီက Motherboard ကို ၂၃.၄ မီလီမီတာအထိ လျှော့ချထားပြီး Android ဖုန်းတွေထဲမှာ အသေးငယ်ဆုံး ဖြစ်ပါတယ်။

realme Global Marketing ရဲ့ ဥက္ကဌ Chace Xu က ၂ မိနစ်ကြာ ဖုန်းရဲ့ Unboxing Video ကို အွန်လိုင်းမှာ တင်ထားပြီး ဒီဇိုင်းနဲ့ ဘယ်လို ဖန်တီးထားသလဲ ဆိုတာကို ပြသထားပါတယ်။ ဒါဟာ နမူနာ မော်ဒယ် အဆင့်ပဲ ရှိသေးပြီး ကုမ္ပဏီက ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref: Gsmarena