သိပ္ပံပညာရှင်တွေက James Webb Space Telescope ကို အသုံးပြုပြီး ကမ္ဘာရဲ့ အလင်းနှစ် ၁၂၀ မှာရှိတဲ့ K2-18 b ဂြိုလ်မှာ ဂြိုလ်သားတွေ ရှိနိုင်တဲ့ သက်သေအထောက်အထားကို တွေ့ခဲ့ရပါတယ်။ ကမ္ဘာမှ ဇီဝသက်ရှိတွေနဲ့ ဆက်စပ်နေတဲ့ ဂတ်စ် ( dimethyl sulfide and dimethyl disulfide) တို့ကို K2-18 b ဂြိုလ်မှာ တွေ့ရတဲ့အတွက် သက်ရှိတွေ ရှိနိုင်တယ်လို့ ယူဆထားပါတယ်။

10 Iconic Movie Aliens, Ranked By Likability

ပညာရှင်တွေရဲ့ တွေ့ရှိမှုဟာ စိတ်ဝင်စားစရာကောင်းပေမယ့် သက်ရှိတွေ ကြိမ်းသေ ရှိနိုင်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် K2-18 b မှာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ အခြေအနေ ရှိနေတာကို ဆိုလိုပါတယ်။ အဲဒီ ဂတ်စ် တွေရှိနေတဲ့ အကြောင်းအရင်းကို ပညာရှင်တွေက ဆက်လက် လေ့လာကြမှာ ဖြစ်ပါတယ်။

57 Best Alien Movies Of All Time Ranked

အခုလေ့လာတွေ့ရှိချက်ဟာ အာကာသမှ ဂြိုလ်တွေကို စူးစမ်းလေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိသလားဆိုတာကို လေ့လာဖို့ ကြီးမားတဲ့ ခြေလှမ်း ဖြစ်ပါတယ်။ ပညာရှင်တွေက အခုတွေ့ရှိချက်ကြောင့် အာကာသမှာ ဂြိုလ်သားတွေ ကြိမ်းသေရှိနိုင်တယ်လို့ မမှတ်ယူကြဘဲ ဆက်လက်လေ့လာကြရဦးမယ်လို့ ပြောပါတယ်။

Ref : Fossbytes