Vivo က Y200+ စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပြီး Yxxx Line ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ Y200+ ဟာ Y100+ ရဲ့ မျိုးဆက်လည်း ဖြစ်ပြီး Specs အများစုက တူညီကြပါတယ်။
Vivo Y200+ မှာ 6.68” 720x1608p LCD Display တပ်ဆင်ထားပြီး 120Hz Refresh Rate ပါပါတယ်။ ကြီးမားတဲ့ 6,000mAh Battery ထည့်သွင်းထားပြီး 44W Wired Charging ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး အထူက ၇.၉၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၉ ဂရမ် ဖြစ်ပါတယ်။
အနောက်ဘက် ဒီဇိုင်းက အရင်မျိုးဆက်နဲ့ မတူညီဘဲ ကွဲပြားပါတယ်။ စပီကာတွေက ၃၀၀ ရာခိုင်နှုန်း ပိုကျယ်လောင်လာပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Origin OS 4 ပါလာပါတယ်။ လက်ရှိမှာ တရုတ်မှာပဲ ရောင်းချထားပြီး ၁,၀၉၉ ယွမ် (၁၅၀ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။
Ref : Gsmarena