Zombie Survival အမ်ဳိးအစားဟာ ရုပ္ရွင္မွာသာ မက၊ ဂိမ္းထဲမွာလည္း ေတာ္ေတာ္ ေပ်ာ္ဖုိ႔ေကာင္းတဲ့ Genre တစ္ခုပါ။ Android ပလက္ေဖာင္းေပၚမွာ အခုဆုိ ဂရပ္ဖစ္ေရာ Gameplay ပါ အားရစရာ ေကာင္းတဲ့ ဇြန္ဘီဂိမ္းေတြလည္း အမ်ားအျပား ေပၚေနျပီ ျဖစ္တဲ့အတြက္ အဲဒီထဲက ကစားလုိ႔ေကာင္းမယ့္ အခမဲ့ ဂိမ္းငါးခုကို ေရြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၁. Dead Effect 2


Dead Effect စီးရီးဟာ ေဆာ့ဖို႔ ထုိက္တန္တဲ့ Zombie Shooter ဂိမ္းစီးရီးတစ္ခုပါ။ လွပစြာ ဖန္တီးထားတဲ့ ဂရပ္ဖစ္နဲ႔အတူ ဇြန္ဘီေတြ၊ မြန္းစတားသတၱဝါဆန္းေတြ၊ အျခား Sci-fi သတၱဝါေတြကို ပစ္ခတ္ရမွာ ျဖစ္တယ္။ RPG ဆန္ဆန္ ကိုယ့္ဇာတ္ေကာင္ကို Upgrade လုပ္ရတာ စတဲ့ Feature လည္းပါဝင္တယ္။ Story Mode မွာ စုစုေပါင္း ကစားခ်ိန္ နာရီ ၃၀ ထိ ၾကာျမင့္မွာ ျဖစ္လို႔ ထုတ္လုပ္သူေတြက ဂုဏ္ယူရတဲ့ မုိဘုိင္းဂိမ္းလည္း ျဖစ္ပါတယ္။ မုိဘုိင္းေပၚမွာ ရႏုိင္တဲ့ထဲက ေကာင္းမြန္တဲ့ ဇြန္ဘီဂိမ္း တစ္ခုပါပဲ။

၂. Dead Trigger 2

Dead Trigger 2 ကေတာ့ သက္တမ္းၾကာျမင့္ျပီျဖစ္တဲ့ ဇြန္ဘီဂိမ္းေတြထဲက တစ္ခုပါပဲ။ ဒါေပမယ့္ ယေန႔တုိင္ Update မွန္မွန္ ထုတ္ေပးေနတဲ့ ဂိမ္းတစ္ခုလည္း ျဖစ္တယ္။ ေကာင္းမြန္တဲ့ ဂရပ္ဖစ္၊ လုပ္စရာ Mission ေပါင္းမ်ားစြာနဲ႔ မွန္ကန္ေကာင္းမြန္တဲ့ FPS ပုံစံ Gameplay တုိ႔ ပါဝင္တယ္။ အပတ္စဥ္ျပဳလုပ္ရတဲ့ Mission ေတြ၊ ေရြးခ်ယ္စရာ လက္နက္မ်ားစြာနဲ႔ ဘလူးတုသ္ လက္ကိုင္ကို သိမွတ္ေထာက္ပံ့မႈေတြပါတယ္။ ဂိမ္းေဟာင္းတစ္ခုလို႔ ဆုိႏုိင္ေပမယ့္ အသစ္ထြက္လာတဲ့ ဇြန္ဘီမုိဘုိင္းဂိမ္းအမ်ားစုထက္ အခုထိ ေကာင္းေနတုန္းပဲ။

၃. Into the Dead 2

Into the Dead 2 ကေတာ့ ေနာက္ဆုံးထြက္ ဇြန္ဘီဂိမ္းေတြထဲက တစ္ခုပါ။ သူကေတာ့ Infinite Runner အမ်ဳိးအစားကိုမွ Survival စတုိင္ေပါင္းထားတာ ျဖစ္တယ္။ ရွင္းရွင္းေျပာရရင္ေတာ့ အတတ္ႏုိင္ဆုံး ၾကာၾကာေျပးရမွာ ျဖစ္ျပီး မေသေအာင္ ၾကိဳးစားရမွာပါ။ သူ႕မွာလည္း Mission, Challenge ေတြပါဝင္ျပီး မိတ္ေဆြအျဖစ္ ေခြးေလးေတြေတာင္ အကူအညီေခၚႏုိင္ေသးတယ္။ သူ႕ဂရပ္ဖစ္ကလည္း ေကာင္းတဲ့ထဲမွာ ပါတယ္။ အျခား ဇြန္ဘီဂိမ္းေတြထက္ေတာ့ Casual ဆန္ပါတယ္။ ဒါ့အျပင္ In-app Purchase နဲ႔လည္း ဝယ္ခ်င္စရာေတြ ထည့္ထားေသးတယ္။

၄. Last Day on Earth

Last Day on Earth ကေတာ့ ဒီႏွစ္ထဲမွာ ေတာ္ေတာ္လူၾကိဳက္မ်ားခဲ့တဲ့ Zombie Shooter Adventure ျဖစ္ျပီး Open World စတုိင္ ျဖစ္ပါတယ္။ ကိုယ့္စခန္းကို တည္ေဆာက္ရမယ္၊ ပစၥည္းကိရိယာေတြ လုိက္ရွာရမယ္၊ ခုိးသင့္ခုိးယူရမယ္ ျပီးေတာ့ ဇြန္ဘီေတြကို လက္ဦးမႈ ရယူျပီး သတ္ရမယ္။ အျမင္ပုိင္းဆုိင္ရာ ေျပာင္းလဲမႈေတြ၊ ပစၥည္းေတြကို ကိုယ္တုိင္ေဆာက္လုပ္ယူရတာေတြ စတဲ့ အရာေတြလည္း ပါဝင္ပါတယ္။ Zombie အမ်ဳိးအစား ထဲမွာ ေတာ္ေတာ္ကိုျပည့္စုံတဲ့ Survival ဂိမ္းတစ္ခုလို႔ ေျပာႏုိင္ပါတယ္။

၅. Plants vs Zombies 2

ဇြန္ဘီအေၾကာင္းေျပာမယ္ဆုိရင္ေတာ့ ခ်န္မထားခဲ့သင့္တာ Plants vs Zombies 2 ပါပဲ။ ဟုိးအရင္ စမတ္ဖုန္းေတြေပၚ မေရာက္ခင္ ကြန္ျပဴတာေပၚမွာတည္းက လူၾကိဳက္မ်ားခဲ့တဲ့ ဂိမ္းေလးဟာ စမတ္ဖုန္းေတြေပၚ ေရာက္လာေတာ့ In-app Purchase ေတြနဲ႔ လြယ္ကူေအာင္ ျပဳျပင္ထားလို႔ လူၾကိဳက္မ်ားသင့္သေလာက္ မမ်ားေတာ့ေပမယ့္ ေဆာ့ေပ်ာ္ေသးတဲ့ Tower Defense ဂိမ္းေလးပါ။ မုိဘုိင္းမွာေတာ့ အရမ္းေကာင္းတဲ့ ဇြန္ဘီဂိမ္းလုိ႔ မေျပာႏုိင္သလို၊ အရမ္းစြဲတဲ့ TD ဂိမ္းလို႔လည္း မဆိုႏုိင္ေတာ့ဘူး။ ဒါေပမယ့္ အလြမ္းေျပ ေဆာ့စရာပဲ ျဖစ္ျဖစ္၊ သူ႕ရဲ႕ ထူးျခားတဲ့ Theme ေလးကို ျပန္ခံစားခ်င္ရင္ပဲ ျဖစ္ျဖစ္ အခ်ိန္မေရြး အခမဲ့ ဆြဲယူ ေဆာ့ကစားႏုိင္ပါေသးတယ္။

Unicode

Zombie Survival အမျိုးအစားဟာ ရုပ်ရှင်မှာသာ မက၊ ဂိမ်းထဲမှာလည်း တော်တော် ပျော်ဖို့ကောင်းတဲ့ Genre တစ်ခုပါ။ Android ပလက်ဖောင်းပေါ်မှာ အခုဆို ဂရပ်ဖစ်ရော Gameplay ပါ အားရစရာ ကောင်းတဲ့ ဇွန်ဘီဂိမ်းတွေလည်း အများအပြား ပေါ်နေပြီ ဖြစ်တဲ့အတွက် အဲဒီထဲက ကစားလို့ကောင်းမယ့် အခမဲ့ ဂိမ်းငါးခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁. Dead Effect 2


Dead Effect စီးရီးဟာ ဆော့ဖို့ ထိုက်တန်တဲ့ Zombie Shooter ဂိမ်းစီးရီးတစ်ခုပါ။ လှပစွာ ဖန်တီးထားတဲ့ ဂရပ်ဖစ်နဲ့အတူ ဇွန်ဘီတွေ၊ မွန်းစတားသတ္တဝါဆန်းတွေ၊ အခြား Sci-fi သတ္တဝါတွေကို ပစ်ခတ်ရမှာ ဖြစ်တယ်။ RPG ဆန်ဆန် ကိုယ့်ဇာတ်ကောင်ကို Upgrade လုပ်ရတာ စတဲ့ Feature လည်းပါဝင်တယ်။ Story Mode မှာ စုစုပေါင်း ကစားချိန် နာရီ ၃၀ ထိ ကြာမြင့်မှာ ဖြစ်လို့ ထုတ်လုပ်သူတွေက ဂုဏ်ယူရတဲ့ မိုဘိုင်းဂိမ်းလည်း ဖြစ်ပါတယ်။ မိုဘိုင်းပေါ်မှာ ရနိုင်တဲ့ထဲက ကောင်းမွန်တဲ့ ဇွန်ဘီဂိမ်း တစ်ခုပါပဲ။

၂. Dead Trigger 2

Dead Trigger 2 ကတော့ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဇွန်ဘီဂိမ်းတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် ယနေ့တိုင် Update မှန်မှန် ထုတ်ပေးနေတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်တယ်။ ကောင်းမွန်တဲ့ ဂရပ်ဖစ်၊ လုပ်စရာ Mission ပေါင်းများစွာနဲ့ မှန်ကန်ကောင်းမွန်တဲ့ FPS ပုံစံ Gameplay တို့ ပါဝင်တယ်။ အပတ်စဉ်ပြုလုပ်ရတဲ့ Mission တွေ၊ ရွေးချယ်စရာ လက်နက်များစွာနဲ့ ဘလူးတုသ် လက်ကိုင်ကို သိမှတ်ထောက်ပံ့မှုတွေပါတယ်။ ဂိမ်းဟောင်းတစ်ခုလို့ ဆိုနိုင်ပေမယ့် အသစ်ထွက်လာတဲ့ ဇွန်ဘီမိုဘိုင်းဂိမ်းအများစုထက် အခုထိ ကောင်းနေတုန်းပဲ။

၃. Into the Dead 2

Into the Dead 2 ကတော့ နောက်ဆုံးထွက် ဇွန်ဘီဂိမ်းတွေထဲက တစ်ခုပါ။ သူကတော့ Infinite Runner အမျိုးအစားကိုမှ Survival စတိုင်ပေါင်းထားတာ ဖြစ်တယ်။ ရှင်းရှင်းပြောရရင်တော့ အတတ်နိုင်ဆုံး ကြာကြာပြေးရမှာ ဖြစ်ပြီး မသေအောင် ကြိုးစားရမှာပါ။ သူ့မှာလည်း Mission, Challenge တွေပါဝင်ပြီး မိတ်ဆွေအဖြစ် ခွေးလေးတွေတောင် အကူအညီခေါ်နိုင်သေးတယ်။ သူ့ဂရပ်ဖစ်ကလည်း ကောင်းတဲ့ထဲမှာ ပါတယ်။ အခြား ဇွန်ဘီဂိမ်းတွေထက်တော့ Casual ဆန်ပါတယ်။ ဒါ့အပြင် In-app Purchase နဲ့လည်း ဝယ်ချင်စရာတွေ ထည့်ထားသေးတယ်။

၄. Last Day on Earth

Last Day on Earth ကတော့ ဒီနှစ်ထဲမှာ တော်တော်လူကြိုက်များခဲ့တဲ့ Zombie Shooter Adventure ဖြစ်ပြီး Open World စတိုင် ဖြစ်ပါတယ်။ ကိုယ့်စခန်းကို တည်ဆောက်ရမယ်၊ ပစ္စည်းကိရိယာတွေ လိုက်ရှာရမယ်၊ ခိုးသင့်ခိုးယူရမယ် ပြီးတော့ ဇွန်ဘီတွေကို လက်ဦးမှု ရယူပြီး သတ်ရမယ်။ အမြင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ပစ္စည်းတွေကို ကိုယ်တိုင်ဆောက်လုပ်ယူရတာတွေ စတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ Zombie အမျိုးအစား ထဲမှာ တော်တော်ကိုပြည့်စုံတဲ့ Survival ဂိမ်းတစ်ခုလို့ ပြောနိုင်ပါတယ်။

၅. Plants vs Zombies 2

ဇွန်ဘီအကြောင်းပြောမယ်ဆိုရင်တော့ ချန်မထားခဲ့သင့်တာ Plants vs Zombies 2 ပါပဲ။ ဟိုးအရင် စမတ်ဖုန်းတွေပေါ် မရောက်ခင် ကွန်ပြူတာပေါ်မှာတည်းက လူကြိုက်များခဲ့တဲ့ ဂိမ်းလေးဟာ စမတ်ဖုန်းတွေပေါ် ရောက်လာတော့ In-app Purchase တွေနဲ့ လွယ်ကူအောင် ပြုပြင်ထားလို့ လူကြိုက်များသင့်သလောက် မများတော့ပေမယ့် ဆော့ပျော်သေးတဲ့ Tower Defense ဂိမ်းလေးပါ။ မိုဘိုင်းမှာတော့ အရမ်းကောင်းတဲ့ ဇွန်ဘီဂိမ်းလို့ မပြောနိုင်သလို၊ အရမ်းစွဲတဲ့ TD ဂိမ်းလို့လည်း မဆိုနိုင်တော့ဘူး။ ဒါပေမယ့် အလွမ်းပြေ ဆော့စရာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ ထူးခြားတဲ့ Theme လေးကို ပြန်ခံစားချင်ရင်ပဲ ဖြစ်ဖြစ် အချိန်မရွေး အခမဲ့ ဆွဲယူ ဆော့ကစားနိုင်ပါသေးတယ်။