realme 11 Pro+ က 200MP OIS CAMERA နဲ့ မြန်မာနိုင်ငံ ဈေးကွက်ထဲကို ဝင်လာတယ်။ Mid-range ဖုန်းတစ်လုံးမှာ 200MP ဆိုတော့ နည်းနည်း စိတ်ဝင်စားခဲ့တယ်။ Megapixel များလို့ ရင်ခုန်တဲ့အထဲမှာ Reviewer တွေ မပါဘူးဆိုပေမဲ့ Samsung ISOCELL HP3 sensor သုံးထားတယ်ဆိုတဲ့အချက်ကတော့ ကျွန်တော့်ကို ဆွဲဆောင်သွားစေခဲ့ပါတယ်။

ဒါနဲ့ ကျွန်တော့်လက်ထဲကို realme 11 Pro+ ရောက်လာတော့ စိတ်ဝင်စားနေတဲ့ ကင်မရာပိုင်းကို စမ်းသပ်ကြည့်မိတော့တာပါပဲ။ စမ်းကြည့်တော့ ဒီဖုန်းကင်မရာကို ကြိုက်တယ် ဆိုတဲ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို ပြောမိတော့တာပဲ။ ဒီတိုင်း သမားရိုးကျ ရိုက်မလား၊ 2x, 4x lossless zoom နဲ့ရိုက်မလား ဘယ်လိုရိုက်ချင်လဲ All fine ပဲ။

ကျွန်တော် စမ်းကြည့်ထားတာတွေထဲကမှ Normal user တွေ အများဆုံး အသုံးပြုနိုင်တဲ့ Photo mode နဲ့ Portrait mode ရိုက်ကူးမှု အတွေ့အကြုံတွေအကြောင်းကို နည်းနည်းလေး မျှဝေပေးသွားချင်ပါတယ်။

Photo mode မှာ Wide, 1x, 2x, 4x ဆိုပြီး ရွေးလို့ရတယ်။ Wide ကတော့ Outdoor ရိုက်တဲ့အချိန်တွေမှာ မသိသာပေမဲ့ Indoor ဆိုရင်တော့ တော်တော်လေး အသုံးဝင်တယ်။

ရာသီဥတုအခြေအနေကြောင့် အရောင်စုံတဲ့ကောင်းကင်ပုံတွေဘာတွေ ရိုက်လို့မရဘဲ ခပ်မွဲမွဲကမ်းနားလေးမှာပဲ ရိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ ပုံထွက်ရလဒ်တွေကတော့ စိုးရိမ်ခဲ့သလိုမဟုတ်ဘဲ မထင်မှတ်ထားတဲ့ ရလဒ်တွေကို တွေ့မြင်ခဲ့ရပါတယ်။

Landscape_0.6x

Photo mode နဲ့ Landscape ရိုက်ထားတာပါ။ ပြင်ပအလင်းရောင်အောက်ဆိုပေမဲ့ မိုးအုံ့နေတဲ့ အခြေအနေမှာ ကင်မရာရဲ့ အလုပ်လုပ်ပုံက အတော်လေး အားရကျေနပ်စရာ ကောင်းနေတာကို တွေ့ရပါတယ်။ Wide ဆိုပေမဲ့ Distortion ဝင်တာ သိပ် မသိသာပါဘူး။ တိမ်တွေကိုလည်း ပြင်ပမှာ မြင်ရတဲ့အတိုင်း ဓာတ်ပုံထဲမှာ မြင်ရပါတယ်။

Landscape_1x

ဒီပုံမှာလည်း အလားတူပါပဲ။ တိမ်တိုက်တွေဟာ အပြင်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ နည်းနည်းကွာခြားသွားတာက ပုံရဲ့ Main Subject ဖြစ်တဲ့ စက်လှေမှာ Focus တင်ပြီး ပိုကြည့်လို့ကောင်းလာပါတယ်။

Landscape_2x

စက်လှေဟာ ပိုပြီး ထင်ရှားပြတ်သားလာပါတယ်။ ဟိုးအနောက်ဖက် ကမ်းစပ်က အပင်တွေရဲ့အရောင်ကိုပါ ပိုပြီး စိမ်းစိမ်းလန်းလန်းဖြစ်အောင် မြင်လာရပါတယ်။ Pixel ဆုံးရှုံးမှုဖြစ်တဲ့ လက္ခဏာမျိုးမတွေ့ရပါဘူး။ အနီးကပ်သွားရိုက်ထားတဲ့ ပုံလို့ ထင်ရစေတာပါ။ တကယ်က Wide နဲ့ရိုက်တုန်းကနေရာမှာပဲ ရပ်နေပြီး 2x zoom နဲ့ ရိုက်ထားတာပါ။

Landscape_4x

ဒီပုံကတော့ realme 11 Pro+ ရဲ့ ကင်မရာကို ပိုပြီးကြိုက်သွားစေတဲ့ပုံလို့ ဆိုနိုင်ပါတယ်။ 4x zoom ဆွဲပြီးရိုက်ထားတယ်ဆိုပေမဲ့ OIS ကြောင့် Shake ဖြစ်ပြီး ပုံက ဝါးနေတာမျိုး မရှိပါဘူး။ ရိုက်ပြီးသားပုံကို Zoom ဆွဲကြည့်ရင်လည်း လှေပေါ်က အစ်ကိုကြီးနှစ်ယောက်ကို ကောင်းကောင်း မြင်နိုင်ပါတယ်။ အလင်းအမှောင်က ပြင်ပအတိုင်းပါပဲ။ ဒါပေမဲ့ ကောင်းကင်မှာတော့ တိမ်လေးတွေ နည်းနည်းပါးသွားတာကို တွေ့ရပါတယ်။

Indoor_0.6

 

Indoor မှာတော့ Distortion ကို မြင်သာထင်သာ တွေ့ရမှာပါ။ ဒါပေမဲ့ ပုံရဲ့ အရသာကို မပျက်စေဘဲ ပိုပြီး ဆွဲဆောင်မှု ရှိလာစေပါတယ်။ AI ရဲ့ အလင်းအမှောင် ချိန်ညှိပေးပုံက နှစ်သက်စရာပါ။ အပေါ်ထပ်က Warm ဖြစ်တဲ့ အနေအထား၊ အောက်ထပ်က ပြင်ပအလင်းရောင်ရဲ့ Cool tone ကို အဆင်ပြေပြေ ချိန်ညှိပေးသွားတာပါ။

Indoor_1x

Indoor 1x မှာတော့ ကာလာတွေကို ပိုပြီး ကျေနပ်နှစ်သက်စရာကောင်းအောင် မြင်တွေ့ရမှာပါ။ အရုပ်တွေလည်း ပိုပြီး ကြည်လင်ပြတ်သားလာပါတယ်။ Focus ကို အပေါ်ထပ်ဆီယူထားပေမဲ့ အောက်ထပ်မှာ ထိုင်ခုံရဲ့ Shade ကအစ သေသပ်နေတာတွေ့နိုင်ပါတယ်။

Indoor_2x

Indoor_2x မှာတော့ ပြေပြစ်တဲ့ Color tone ကို တွေ့မြင်ရမှာပါ။ ဒီပုံကို ရိုက်နေတုန်းက ကြမ်းပြင်ဟာ အတော်လေးကို တုန်ခါနေတာကြောင့် ပုံရိပ်ဖမ်းယူမှုပိုင်းမှာ အနည်းငယ် ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ကင်မရာရဲ့ ပကတိ လုပ်ဆောင်နိုင်စွမ်းကို ပြသချင်တာကြောင့် ထပ်မရိုက်တော့ပါဘူး။

Indoor_4x

အလင်းရောင်အားနည်းနေတဲ့ အခြေအနေမှာ 4x zoom ဆွဲရင်တော့ Pixel တွေ ဆုံးရှုံးမယ်။ Noise ထမယ်။ Hand shake နည်းနည်းလေးဝင်တာနဲ့ ပုံဟာ သုံးမရအောင် ပျက်စီးသွားမယ်။ ဒါပေမဲ့ realme 11 Pro+ ရဲ့ အနေအထားက ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ။ တကယ့်ကို Point and Shoot လုပ်ထားတာပါ။ အလင်းရောင်အားနည်းနေတဲ့ ပတ်ဝန်းကျင်မှာ 4x zoom နဲ့ ဆွဲရိုက်ထားတဲ့ ပုံတစ်ပုံဟာ ရိုက်ပြီး Zoom ချဲ့ကြည့်ရင်လည်း ပုလင်းတွေပေါ်က စာသားတွေကို ကောင်းကောင်းဖတ်လို့ရပါသေးတယ်။ Mid-range ဖုန်းတစ်လုံးရဲ့ ကင်မရာမှာ ဒီလောက်ရတာကို မချီးမွမ်းဘဲ မနေနိုင်ပါဘူး။

Portrait_strong

Portrait mode မှာလည်း 1x နဲ့ 2x ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးပေးထားပါတယ်။ Portrait mode မှာ ဒီလို Zoom ပေးထားတာကိုလည်း သဘောကျပါတယ်။ ပိုပြီးကြိုက်တာက Depth of Field ကို Strong, Weak လိုသလို ချိန်ညှိခွင့်ပေးထားတာပဲ။ အရပ်စကားနဲ့ပြောရရင်တော့ ရှေ့ကြည်နောက်ဝါးမှာ နောက်ကို ဘယ်လောက်ထိဝါးချင်လဲ စိတ်ကြိုက်သတ်မှတ်လို့ရတာပေါ့။

Long Exposure

နောက်ထပ် ကြိုက်တဲ့ Mode က Long Exposure mode ပါ။ Template မှာ Neon trail, Light trail portrait, Rush hour, Light painting အဲဒါတွေ တွေ့ရတယ်။ တကယ် Professional photographer ကြီးတွေလို Neon trail ရိုက်ကြည့်ချင်ပေမဲ့လည်း အခြေအနေမပေးတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီနဲ့ Light painting ရိုက်ဖြစ်တယ်။ ဒီပုံက Long Exposure ရိုက်ဖို့ စပြီးစမ်းတဲ့ပုံပါ။

Long_exposure_02

အခန်းအလင်းရောင် သိပ်မနည်းတဲ့ အခြေအနေမှာ ရိုက်ထားတာပါ။

Long_exposure_03

ပထမပုံလောက် အခန်းအလင်းရောင်က မများတော့ပါဘူး။ ဒါပေမဲ့ ပုံက ကျစ်လျစ်ပြီး အရောင်တွေ မှန်နေပါတယ်။ အလင်းအမှောင် Tone တွေလည်း ကောင်းပါတယ်။

Long_exposure_04

အလင်းအမှောင်အတူတူ၊ အခြေအနေအတူတူဆိုပေမဲ့ Exposure time မတူဘဲ ရိုက်ကူးထားတဲ့ ပုံပါ။

Point and Shoot ပါ။ ဓာတ်ပုံတစ်ပုံရဖို့ အချိန် စက္ကန့်ပိုင်းလေးပဲ လိုပါတယ်။ ကျန်တာကို ကင်မရာက အလုပ်လုပ်ပေးသွားတာပါ။

ခုချိန်၊ ခုရိုက်ပါ။

လှတယ်။ ရိုက်မယ်။ ပြင်တာ ဆင်တာ မရှိ။ Photoshop မလို။ အခုရိုက် အခုတင်။ ပကတိ ရိုးရှင်းတဲ့အလှ။

အခန်းတွင်းက Warm ဖြစ်တဲ့ Tone နဲ့ ပြတင်းပေါက်ရဲ့အပြင်က Cool ဖြစ်တဲ့ Tone လေးကို ကြိုက်လို့။

သက်ငြိမ် ပန်းချီကားတစ်ချပ်။

Professional photographer မဟုတ်တဲ့ Normal user တစ်ယောက်ရဲ့ Point and Shoot ဓာတ်ပုံတစ်ပုံ။

Photo by MyTech Team