တကယ်လို့ သင်ဟာ အလုပ်ခွင်မှာ ရာထူးတစ်ခုကို တာဝန်ယူထားရပြီး Professional တစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်နေရတယ်ဆိုရင် Business Meeting တွေက အမြဲတမ်းတက်ရောက်နေဖို့ ကျိန်းသေပေါက် လိုအပ်မှာဖြစ်ပါတယ်။ ဒါတွေတင်မဟုတ်သေးဘဲ Client တွေနဲ့ ထိတွေ့ဆက်ဆံပြီး စကားပြောဆိုရတာတွေ၊ Business Proposal တွေ ပြုလုပ်တဲ့အချိန်မှာ သင်အသုံးပြုနေတဲ့ Laptop ဟာလည်း သင့်ရဲ့ ဝတ်စားဆင်ယင်ပုံအတိုင်းပဲ အလွန်အရေးကြီးတဲ့နေရာတစ်ခုမှာ ပါဝင်နေတယ်ဆိုတာကို သိပါသလား…။

ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို အမြဲတမ်းကြည့်ကောင်းနေစေဖို့အတွက် Laptop တွေထဲမှာမှ ပါးလွှာပြီး ပေါ့ပါးတဲ့ Laptop တွေဟာ အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ဒါကလည်း ဒီလို ပါးလွှာပေါ့ပါးတဲ့ Laptop တွေဟာ တခြားသော ပုံမှန်စျေးကွက်အတွင်းမှာရှိတဲ့ Laptop အများစုထက် ပိုမိုလှပပြီး အရည်အသွေးပိုင်း၊ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်သလို Meeting တွေ တစ်ခုနဲ့တစ်ခုအကြား သယ်ဆောင်သွားတဲ့အချိန်မှာလည်း အလွန်လွယ်ကူပါတယ်။

အခု Article မှာ အဓိကအနေနဲ့ ရွေးချယ်ပြီး ပြောသွားမယ့် ပါးလွှာပေါ့ပါးတဲ့ Laptop ကတော့ Dell XPS 9310 ပဲဖြစ်ပါတယ်။ Dell XPS လို့ဆိုလိုက်တာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Professional တွေအကြားမှာ စွမ်းဆောင်ရည်မြင့်မားပြီး ပါးလွှာပေါ့ပါးတဲ့ Laptop တွေအဖြစ် ရေပန်းစားပြီးဖြစ်သလို အခု XPS 9310 ကလည်း ခြွင်းချက်မရှိပါဘူး။

Dell XPS 9310 ရဲ့ အဓိကအားသာချက်ကတော့ 1.2Kg ပဲ အလေးချိန်ရှိမှာဖြစ်ပြီး 14.8mm အထိ ပါးလွှာနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘယ်နေရာကိုပဲဖြစ်ဖြစ် သက်သောင့်သက်သာ ယူဆောင်သွားနိုင်ဖို့ သေချာစေပါတယ်။ အခုကိန်းဂဏန်းတွေဟာ စျေးကွက်အတွင်းမှာ အပါးလွှာ၊ အပေါ့ပါးဆုံး Laptop တစ်လုံးအဖြစ် ရပ်တည်နေသလို Aerospace Industry ကနေ မှီငြိမ်းထားတဲ့ Black Carbon Fiber Design ကလည်း တခြားသော ပါးလွှာပေါ့ပါးတဲ့ Laptop တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် သိသိသာသာ အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါတင်မဟုတ်သေးဘဲ ညစ်ပေမှုတွေ၊ အစွန်းအထင်းတွေနဲ့ အချိန်ကြာမြင့်လို့ အရောင်ဝါသွားတာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် Stain-resistant Coating ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။

ဒါ့အပြင် Build Quality ပိုင်းမှာလည်း အကောင်းဆုံးသော Stainless Steel ဖြင့် တည်ဆောက်ထားပြီး Display ကိုလည်း Corning Gorilla Glass 6 နဲ့ ကာကွယ်ပေးထားပါတယ်။ ဒီအတွက် စတိုင်လ်ကျ လှပတဲ့အပြင် အကြမ်းခံနိုင်စွမ်းလည်း မြင့်မားပါတယ်။

Display အနေနဲ့ 13.4” Full HD+ Resolution ရှိပြီး InfinityEdge နည်းပညာကြောင့် Screen-to-Body Ratio အနေနဲ့ 91.5% အထိ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ ဒါဟာ သာမန် 13” Laptop တွေထက် ဘေးဘောင်တွေ သိသိသာသာပါးလွှာပြီးတော့ Laptop အရွယ်အစားကိုလည်း ပိုမိုသေးငယ်သွားစေပါတယ်။ Touch Screen အမျိုးအစားဖြစ်သလို Anti-reflective Display နဲ့ အမြင့်ဆုံး 500nits Brightness တွေပါဝင်တဲ့အတွက် XPS 9310 ရဲ့ Display ဟာ အရည်အသွေးပိုင်းမှာ အကောင်းဆုံးဆိုတဲ့ Flagship Laptop တွေနဲ့ တန်းတူယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

Dell XPS 9310 ဟာ Intel 11th Gen i7 Processor မောင်းနှင်မှာဖြစ်ပြီး အမြန်နှုန်းမြင့်မားတဲ့ LPDDR4X RAM နဲ့အတူ PCI-E SSD တွေကိုပါ ထောက်ပံ့ပေးထားပါတယ်။ အခုလိုမျိုး စွမ်းဆောင်ရည်ဟာ သင့်ကို ဘယ်လိုအခြေအနေမျိုးမှာမဆို Productive ဖြစ်စေဖို့အတွက် အာမခံပေးနိုင်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ XPS 9310 မှာ Charging ပြုလုပ်ဖို့တင်မဟုတ်ဘဲ Display သို့မဟုတ် External GPU တွေကိုပါ ချိတ်ဆက်နိုင်တဲ့ Thunderbolt 4 Port ၂ ခုလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ အပြင်ရောက်နေတဲ့အချိန်မှာ Creative Software တွေနဲ့ တွဲဖက်အသုံးပြုဖို့ ဒါမှမဟုတ် Laptop Storage ကို တိုးချဲ့ဖို့အတွက် MicroSD Card Reader ကိုလည်း ထည့်သွင်းပေးထားပြီး Fingerprint Login စနစ်ပါဝင်တဲ့အတွက် သင့်အနေနဲ့ အမြဲတမ်း Password ကို ရိုက်နေစရာမလိုဘဲ လုံခြုံစွာ Log in ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Dell XPS 9310 ဟာ နောက်ဆုံးပေါ် Windows 11 ကို အသုံးပြုထားတဲ့အတွက် အခုလိုမျိုး အလွန်ကောင်းမွန်တဲ့ Hardware ပေါ်မှာ အကောင်းဆုံး Software Experience ကို ရရှိခံစားရမှာဖြစ်ပါတယ်။

Dell Laptop တွေကို ရွေးချယ်သင့်တဲ့နောက်ထပ် အားသာချက်တစ်ခုကတော့ OPI Featured ပါဝင်ခြင်းဖြစ်ပါတယ်။ ဒါကတော့ Microsoft Office Software တွေဖြစ်တဲ့ Excel ၊ Word နဲ့ PowerPoint တွေကို တစ်ခါတည်းထည့်သွင်းပေးထားခြင်းဖြစ်ပြီး အသုံးပြုသူတွေအတွက် စစ်မှန်တဲ့ Software တွေကို စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

သင့်အနေနဲ့ Dell Laptop တွေကို ဝယ်ယူတဲ့အချိန်မှာ Authorized Reseller ကနေတစ်ဆင့် ဝယ်ယူတာမှန်ကန်ကြောင်းကို Laptop ပေါ်မှာပါဝင်တဲ့ Hologram Sticker ကနေ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Authorized Reseller တွေကနေ ဝယ်ယူခြင်းဟာ သင့်ကို အချိန်ကုန်သက်သာစေပြီး စစ်မှန်မှုကို အာမခံပေးနိုင်မှာဖြစ်ပါတယ်။

Dell Authorized Reseller ဆိုင်ကြီးတွေကို ယခု Link (https://bit.ly/3AQIRjO) မှာ စစ်ဆေးနိုင်ပြီး Dell XPS 9310 Laptop အကြောင်းကိုတော့ ယခု Link (https://dell.to/3RAf9a2) မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။