Laptop ကွန်ပျုတာတွေဟာ သင့်ကျောင်းစာတွေ၊ လုပ်ငန်းခွင်က အလုပ်တာဝန်တွေကို ဘယ်နေရာမှာမဆို ပြီးမြောက်အောင် ဆောင်ရွက်နိုင်စေဖို့အတွက် အရေးအကြီးဆုံး ပစ္စည်းတွေဖြစ်ပါတယ်။ Laptop တစ်လုံးရှိရင် သင့်အနေနဲ့ စာသင်ခန်းမှာပဲဖြစ်ဖြစ်၊ ရုံးခန်း၊ ကော်ဖီဆိုင် ဒါမှမဟုတ် စာကြည့်တိုက် စတဲ့ ကိုယ့်စိတ်ကြိုက်နေရာမှာ အလုပ်တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ Laptop အသစ်တစ်လုံး ရှာဖွေတဲ့အချိန်မှာ အကောင်းဆုံးသော စွမ်းဆောင်ရည်ကို လိုချင်ရုံနဲ့ ငွေကြေးအများအပြားသုံးပြီး ဝယ်ယူဖို့ မလိုအပ်ပါဘူး။ Laptop အသစ်ဝယ်ယူဖို့ စိတ်ကူးနေတဲ့ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအတွက် ငွေအမြောက်အမြားသုံးစရာမလိုဘဲ ကျောင်းစာတွေနဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်မယ့် Laptop တွေအကြောင်းကို ယခု Article လေးမှာပြောပြသွားပါမယ်။

Laptop အကြောင်းပြောတာနဲ့ ကျိန်းသေပေါက်ထည့်သွင်းပြောရမှာကတော့ Microsoft Office ပဲဖြစ်ပါတယ်။ အခုအချိန်မှာ Office Application တွေဖြစ်တဲ့ Word ၊ Excel ၊ PowerPoint တွေဟာ ကျောင်းသားတွေအတွက်ရော၊ လုပ်ငန်းခွင်တွေမှာပါ အရေးအပါဆုံး Software တွေဖြစ်နေပါပြီ။ ဒါပေမယ့် Microsoft Office Software တွေကို တရားဝင် License Version ဝယ်ယူအသုံးပြုတာဟာ Laptop တန်ဖိုးအပြင် သီးသန့်ပိုက်ဆံထပ်မံကုန်ကျမှာဖြစ်သလို အခုနောက်ပိုင်းမှာ Software Service တွေဟာ လစဥ်ပေး (Subscription) ပုံစံကို ပြောင်းလဲနေတာကြောင့် သင့်အနေနဲ့ လစဥ် သို့မဟုတ် နှစ်စဥ် အမြဲလိုလို ပိုက်ဆံအပိုထပ်မံပေးရဦးမှာဖြစ်ပါတယ်။

အခုလိုမျိုး ငွေကြေးအပိုကုန်ကျမှုကိုလည်း ရှောင်လွှဲချင်တယ်၊ Software ပိုင်းမှာလည်း ပြဿနာတွေမဖြစ်ချင်ဘူးဆိုရင် နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ စျေးကွက်အတွင်းမှာ ရောင်းချနေတဲ့ Dell Office Home and Student Laptop တွေကို ဝယ်ယူတာပဲဖြစ်ပါတယ်။ Dell Laptop တွေဟာ Microsoft Office Software လိုမျိုး Productivity Tool တွေ ပါဝင်ပြီးဖြစ်တာကြောင့် သင့်ကို Content တွေဖန်တီးဖို့၊ အလုပ်ခွင်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ Laptop တန်ဖိုးအပြင် ထပ်ပြီး ငွေကုန်ကျမှုမရှိတော့ဘဲ အဓိကလိုအပ်တဲ့ Software တွေအကုန်လုံးကို အသုံးပြုနိုင်မှာပါ။

နောက်ထပ် အားသာချက်တစ်ခုကတော့ Dell OPI Laptop တွေမှာ ပါဝင်တဲ့ Microsoft Office Software ဟာ တရားဝင် License Version ဖြစ်ပြီး လစဥ်ကြေးတွေပေးစရာမလိုတဲ့ တစ်သက်တာလုံးအသုံးပြုနိုင်မယ့် Lifetime Version လည်းဖြစ်ပါတယ်။ အဲ့အတွက် Malfunction တွေ၊ Bug တွေနဲ့ Ransomware တွေကနေလည်း လုံးဝကင်းဝေးစေတဲ့အတွက် သင့်အနေနဲ့ စိတ်ပူပန်မှုမရှိဘဲ အလုပ်ကိုပဲ ကောင်းကောင်းအာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်။

Dell ဟာ Customer တွေရဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့ Laptop တွေ ဖန်တီးနိုင်ဖို့ အမြဲအစွမ်းကုန်ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် Flagship XPS Workstation Laptop တွေကစပြီး စျေးနှုန်းသက်သာတဲ့ Inspiron Series တွေအထိ သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ Laptop ကို စိတ်ကြိုက်ရွေးချယ်လိုက်ရုံပါပဲ။

သင်ဝယ်ယူထားတဲ့ Dell Laptop ဟာ Authorized Reseller ဆီက ဝယ်ယူတာဟုတ်မဟုတ်စစ်ဆေးဖို့အတွက် Laptop ပေါ်မှာကပ်ထားတဲ့ Hologram Sticker ကနေ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Authorized Reseller ဆိုင်ကြီးတွေက ဝယ်ယူတာကပဲ သင့်ကို အချိန်ကုန်သက်သာစေပြီး စစ်မှန်မှုကိုလည်း အာမခံပေးနိုင်မှာပါ။

Dell Authorized Resellers တွေကို ဒီလင့်ခ် (https://bit.ly/3AQIRjO) ကတစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Dell Inspiron Series တွေကိုတော့ ဒီလင့်ခ် (https://dell.to/3rLY41j) ကတစ်ဆင့် အသေးစိတ်ကြည့်လို့ရပါတယ်။