Zawgyi
(1) Stardew Valley ($7.99)
2. Mini Metro ($0.99)
3. Sorcery! 1-4 ($5.99 each)
6. Limbo ($4.99)
Retro Cartoon Art Style နဲ့ ဒီ Puzzle ဂိမ်းကလည်း တစ်ခုထဲအနေနဲ့ ဝယ်ယူဆော့ကစားဖို့အတွက်က ဈေးကြီးတယ်ဆိုပေမယ့် Google Play Pass နဲ့ဆိုရင်တော့ ဆော့ကစားကြည့်သင့်တဲ့ Puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။
8. This is the Police ($7.99)
9. Lumino City ($4.99)
10. Terraria ($4.99)
Unicode
Google ကနေ မကြာသေးခင်တုန်းက Apple Arcade Game Subscription Service ကို ယှဥ်ပြိုင်ဖို့အတွက် Google Play Pass ဆိုပြီး App နဲ့ Game ၃၅၀ ကျော်ကို လစဥ်ကြေးပေးပြီး အသုံးပြုနိုင်တဲ့ Service တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခု Google Play Pass ဟာ US Only ဖြစ်ပြီးတော့ အသုံးပြုချင်တယ်ဆိုရင် VPN နဲ့တစ်ဆင့် အသုံးပြုလို့ရနေတာပဲဖြစ်ပါတယ်။
Google Play Pass က စျေးနှုန်းအနေနဲ့ဆိုရင်လည်း ပထမဆုံး ၁ နှစ်အတွက် တစ်လကို $1.99 ပဲကျသင့်မှာဖြစ်တဲ့အတွက် တော်တော်လေးကို တန်တယ်လို့ပြောနိုင်ပြီး နောက်ပိုင်းမှာတော့ တစ်လကို $4.99 ကျသင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် စမ်းသပ်ချင်တဲ့သူတွေအတွက်လည်း ၁၀ ရက် Trial ရရှိဦးမှာပါ။
အခုပြောပြပေးသွားမှာကတော့ ဒီ Google Play Pass နဲ့ဆော့ကစားနိုင်တဲ့ အလန်းစား ဂိမ်း ၁၀ ခုပဲဖြစ်ပါတယ်။
(1) Stardew Valley ($7.99)
အခုဂိမ်းကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက Steam ကနေ ထွက်ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Android နဲ့ Mobile Device မှာပါ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Open-ended Farming Simulator/RPG ဂိမ်းတစ်ခုဖြစ်ပြီးတော့ Touchscreen Control တွေအပြင် Bluetooth Controller ကိုပါ Support ပြုလုပ်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် အရင်တုန်းက Harvest Moon လိုမျိုး ဂိမ်းတွေကို ဆော့ကစားရတာကြိုက်တတ်တယ်ဆိုရင် ဒီ Stardew Valley ဂိမ်းကလည်း အကြိုက်ဖြစ်ဦးမှာပါ။
2. Mini Metro ($0.99)
Minimalistic Strategy ဂိမ်းတစ်ခုဖြစ်တဲ့ ဒီ Mini Metro ဂိမ်းက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ထွက်ရှိတဲ့အချိန်တုန်းကလည်း Audio ၊ Visuals နဲ့ Game Design ပိုင်းအတွက် ဆုတွေအများအပြားရရှိထားခဲ့တာပါ။
3. Sorcery! 1-4 ($5.99 each)
အခု ဂိမ်း ၄ မျိုးကတော့ Steve Jackson ရဲ့ Novels တွေအပေါ်ကို အခြေခံထားပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲက စတင်ထွက်ရှိထားခဲ့တာဖြစ်ပါတယ်။ Adventure Action ဂိမ်းတွေဟာ ပုံမှန်ဆိုရင် ဂိမ်းတစ်ခုကို $5.99 အထိ ပေးရမှာဖြစ်တဲ့အတွက် Google Play Pass နဲ့ဆော့ကစားရတာပိုပြီးတန်နေတယ်လို့ ပြောရမှာပါ။
4. Monument Valley 1 & 2 ($3.99 & $4.99)
အခုအချိန်အထိ အကောင်းဆုံး Mobile Game တွေအနေနဲ သတ်မှတ်ခံထားရတဲ့ Monument Valley ဂိမ်းတွေကိုလည်း Google Play Pass နဲ့ဆော့ကစားနိုင်ဦးမှာပါ။ ဒီ ဂိမ်းတွေအကြောင်းကတော့ အထွေအထူးပြောနေစရာမလိုလောက်အောင် သိပြီးသားဖြစ်မှာပါ။
5. Reigns: Game of Thrones ($3.99)
Game of Thrones Fan တွေအတွက် အကောင်းဆုံး Mobile Game တစ်ခုဖြစ်တဲ့ Reigns: Game of Thrones ကလည်း Google Play Pass မှာ ဆော့ကစားနိုင်မှာပါ။ ဆော့ကစားရတာကလည်း ဆုံးဖြတ်ချက်တွေကို Swipe ပြုလုပ်ရုံပဲဖြစ်တဲ့အတွက် လွယ်ကူသလို ဆော့ရတာစိတ်ဝင်စားဖို့လည်း ကောင်းနေပါတယ်။
6. Limbo ($4.99)
Limbo ကလည်း ထွက်ရှိခဲ့သမျှ Mobile Game တွေထဲမှာ အကောင်းဆုံးဂိမ်းတစ်ခုဖြစ်ပြီးတော့ ဇာတ်လမ်းက လက်ရှိထွက်ထားတဲ့ ဂိမ်းတွေထက်တောင် စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။
7. Agent A: A Puzzle in Disguise ($6.99)
Retro Cartoon Art Style နဲ့ ဒီ Puzzle ဂိမ်းကလည်း တစ်ခုထဲအနေနဲ့ ဝယ်ယူဆော့ကစားဖို့အတွက်က စျေးကြီးတယ်ဆိုပေမယ့် Google Play Pass နဲ့ဆိုရင်တော့ ဆော့ကစားကြည့်သင့်တဲ့ Puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။
8. This is the Police ($7.99)
ရဲသားတွေနေရာကနေ Control ပြုလုပ်ပြီးတော့ ရက် ၁၈၀ မပြည့်ခင်မှာတင် ဒေါ်လာ ၅ သိန်းပြည့်အောင် ရှာရမယ့် ဒီ ဂိမ်းက လုံးဝကို စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ Gameplay ကလည်း ကိုယ်ဆော့ကစားတဲ့ပေါ်မူတည်ပြီး ပြောင်းလဲသွားမှာပါ။
9. Lumino City ($4.99)
ဒီ Puzzle ဂိမ်းကလည်း စိတ်ဝင်စားဖို့ကောင်းသလို Miniature City တွေကနေ လိုက်ရှာရမှာဖြစ်တဲ့အတွက် တကယ်ကို ကျိန်းသေဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်နေပါတယ်။
10. Terraria ($4.99)
2D Game တစ်ခုဖြစ်ပေမယ့် လူ ၈ ယောက်ထိ Multi-player နဲ့ဆော့ကစားနိုင်မယ့် ဒီ ဂိမ်းကလည်း ကျိန်းသေဆော့သင့်တဲ့ ဂိမ်းတစ်ခုဖြစ်နေပြန်ပါတယ်။ Controls တွေက Touchscreen အတွက် Optimize ပြုလုပ်ပေးထားသလို Bluetooth Controller တွေကိုလည်း အသုံးပြုနိုင်မှာပါ။