Google Translate ဟာ ဘာသာစကားလေ့လာတဲ့သူတွေနဲ့ ခရီးသွားနေရတဲ့သူတွေအတွက် အရေးအပါဆုံး Application တစ်ခုလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Google ကနေ Android နဲ့ iOS Device တွေအတွက် Google Translate App မှာ Dark Mode ကို ထုတ်ပေးလိုက်ပါပြီ။

Dark Mode ရရှိလာတဲ့ Google Translate App Version ကတော့ Version 6.5 ဖြစ်ပြီးတော့ Device အချို့မှာ Dark Mode ကို စတင်ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း App Update ထက် Server Side Update ဖြစ်တဲ့အတွက် တခြား Device အများအပြားမှာတော့ Version 6.5 ဖြစ်ပေမယ့်လည်း Dark Mode ရရှိဦးမှာမဟုတ်သေးပါဘူး။

လောလောဆယ်မှာထုတ်ပေးထားတဲ့ Android Version အတွက် Google Translate Dark Mode ဟာ တခြားသော Google App တွေမှာ ရရှိနေတဲ့ Dark Mode နဲ့မတူဘဲ Gray Color ဘက်ကိုပိုရောက်သလို အချို့ Text Color တွေကလည်း အနည်းငယ်လွဲနေသလိုဖြစ်နေပါတယ်။ ဖြစ်နိုင်တာတစ်ခုက Google အနေနဲ့ စမ်းသပ်နေဆဲဖြစ်ပြီး အဆင့်သင့်ဖြစ်မှပဲ Device တွေအကုန်လုံးအတွက် ထုတ်ပေးသွားမယ့်ပုံစံပါပဲ။

Google ဟာ Android 10 နဲ့အတူ System-wide Dark Mode ကို Support ပေးလာတာဖြစ်သလို သူ့ရဲ့ Google App အများအပြားဟာလည်း Dark Mode ရရှိပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Translate App က တခြား App တွေနဲ့ယှဥ်ရင် Dark Mode ရရှိတာနောက်ကျတယ်လို့တောင် ပြောရမှာပါ။

iOS အနေနဲ့တော့ iOS 13 အသုံးပြုနေတဲ့သူတွေအကုန်လုံး Google Translate Update နဲ့အတူ Dark Mode ကို အသုံးပြုနိုင်မှာဖြစ်ပြီး Android Version လိုမျိုး Color ပိုင်း Error ဖြစ်နေတာမရှိဘူးလို့ သိရပါတယ်။

Ref – 9to5Google