Google လို့ ဆိုလိုက်တာနဲ့ လူတိုင်း တစ်ခုမဟုတ်၊ တစ်ခုအသုံးပြုနေကြရတဲ့ Service တစ်ခုဖြစ်ပါတယ်။ Website Search History ကနေစပြီး Location History ၊ YouTube Search History နဲ့ တခြားသော ကိုယ့်ဖုန်းနံပါတ်၊ Contact တွေကိုပါ တစ်နေရာတည်းမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ Google Account က ပေါက်ကြားသွားပြီဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာလည်း ကျိန်းသေပေါက်ကြားသွားမှာပါ။

အဲ့ဒါကြောင့် အခု Article မှာတော့ Google Account ရဲ့ Activity History ကို ပိုပြီးစိတ်ချရအောင် Password Verification ဘယ်လိုထည့်သွင်းကြမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်တာဟာ အရေးကြီးတာကြောင့် လူတိုင်းအသုံးပြုထားသင့်ပါတယ်။

အရင်ဆုံးအနေနဲ့ Web Browser မှာ “myactivity.google.com” ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီ Website ကို ရောက်ပြီဆိုရင် ညာဘက်က Menu ကို နှိပ်ပြီး Activity Controls ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

Activity Controls ထဲကို ဝင်ရောက်ပြီးပြီဆိုရင်တော့ Manage Activity Link ဆိုတာကို ရွေးချယ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် Manage My Activity Verification ကနေ Require Extra Verification ကို ရွေးချယ်ပေးရမှာပါ။ ပြီးရင်တော့ Save ပြုလုပ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Google Account Activity ကို ဝင်ရောက်လိုက်တာနဲ့ Password ကို ထပ်ပြီး ရိုက်ထည့်ဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။

အခုအချက်တွေဟာ Google Account Activity မှာဆိုရင် ကိုယ့် Privacy Information တွေအပြင် Google မှာ ရှာဖွေခဲ့တဲ့ Content တွေ၊ တခြားသော Information တွေကို တစ်နေရာထဲမှာ ကြည့်နိုင်တာကြောင့် ဒီလိုမျိုး Password နဲ့ ထပ်မံ ပိတ်ထားတာက အကောင်းဆုံးဖြစ်မှာပါ။ ဒါတင်မဟုတ်သေးဘဲ 2-Step Verification App တစ်ခုခုအသုံးပြုပြီး ကိုယ့် Google Account ကိုပါ 2-Step Verification ဖွင့်ထားသင့်ပါသေးတယ်။

Ref – Android Central