Huawei ကနေ ဒီနှစ်နောက်ပိုင်းမှာ အကောင်းစားစွမ်းဆောင်ရည်၊ ဒီဇိုင်းတွေနဲ့ ဈေးနှုန်းသက်သာတဲ့ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်လာတာကို တွေ့ရှိရပါတယ်။ အခုထွက်ရှိလာတဲ့ Huawei Honor 9 Lite စမတ်ဖုန်းကလည်း ဒီအတိုင်းပါပဲ။

အခုနောက်ဆုံးထွက်ရှိလာတဲ့ Huawei Honor 9 Lite စမတ်ဖုန်းဟာဆိုရင်လည်း ယခင် Honor 8 Lite ဖုန်းထက်တောင် အများအပြားအဆင့်မြှင့်တင်ထားခဲ့ပေမယ့် ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၈၀ ဝန်းကျင်ပဲရှိတဲ့အတွက် ပေးရတဲ့ဈေးနဲ့တန်တယ်လို့ ပြောလို့ရမှာပါ။

Huawei Honor 9 Lite စမတ်ဖုန်းမှာ အခုနောက်ပိုင်းခေတ်စားလာတဲ့ 18:9 Ratio 5.65″ Full HD+ Display ပါဝင်လာမှာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Kirin 659 CPU ကို RAM 4GB ၊ ROM 64GB နဲ့ တပ်ဆင်လာမှာပဲဖြစ်ပါတယ်။

Huawei Honor 9 Lite ရဲ့ ထူးခြားချက်ကတော့ ဖုန်းရဲ့အရှေ့ရော၊ အနောက်ဖက်မှာပါ 13MP နဲ့ 2MP Camera ၂ လုံးစီတပ်ဆင်ထားမှာဖြစ်ပြီးတော့ စုစုပေါင်း ကင်မရာ ၄ လုံးပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ Huawei Honor 9 Lite စမတ်ဖုန်းမှာ 3000mAh Battery နဲ့ Android 8.0 Oreo နဲ့ တခါတည်းထွက်ရှိလာမှာဖြစ်ပြီးတော့ တရုတ်နိုင်ငံမှာ ဒေါ်လာ ၁၈၀ ဝန်းကျင်နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။