ASUS ဟာ အခုနောက်ပိုင်းမှာ Gaming Laptop စျေးကွက်ကို ဦးဆောင်နေပြီလို့တောင် ပြောနိုင်ပါတယ်။ ဒီလိုမျိုး ပုံမှန် Gaming Laptop တွေကနေ ကွဲထွက်ပြီး မြန်မာနိုင်ငံစျေးကွက်ထဲကို စွမ်းဆောင်ရည်အမြင့်စားနဲ့ Gaming Tablet အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Gaming Tablet ကတော့ ASUS ROG Flow Z13 ပဲဖြစ်ပြီး Review အနေနဲ့ ပြုလုပ်ပေးလိုက်ပါတယ်။

ASUS ROG Flow Z13 ဟာ ရုတ်တရက်ကြည့်လိုက်ရင် အလွန်ပါးလွှာတဲ့ Windows Tablet တစ်ခုလို ထင်ရမှာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Gaming Laptop တွေထက်တောင် သာလွန်နေသေးတာဖြစ်ပါတယ်။ Design ပိုင်းမှာဆိုရင် 13.4” Display ပါဝင်ပြီးတော့ အထူကလည်း 12mm ပဲရှိတာကြောင့် အလွန်ပါးလွှာမှာဖြစ်ပါတယ်။ အလေးချိန်ကလည်း 1.18Kg ပံဲရှိတဲ့အတွက် Ultrabook တွေထက်တောင် ပေါ့ပါးနေပါသေးတယ်။

Design ပိုင်းမှာ ROG Flow Z13 ဟာ တော်တော်လေးကို ထူးခြားနေသလို အဲ့ဒီထဲမှာ အထူးခြားဆုံးအချက်ကတော့ ထွင်းဖောက်မြင်နေရတဲ့ See-through Window ပဲဖြစ်ပါတယ်။ အဆိုပါ See-through Window ကနေ အထဲက Motherboard Circuit ပြားတွေကို မြင်နေရသလို RGB လည်းထည့်ပေးထားတာကြောင့် တကယ်ကို လှပပြီး Gamer တွေအကြိုက်ဖြစ်စေမယ့် Design လို့ပြောနိုင်ပါတယ်။

ROG Flow Z13 ကို Laptop အနေနဲ့ အသုံးပြုဖို့အတွက်ကတော့ နောက်ကျောဘက်မှာ Kickstand ဖြင့် ထောင်ထားပြီး ပါဝင်တဲ့ Keyboard Cover နဲ့အသုံးပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် Windows Tablet ဖြစ်နေပေမယ့် Laptop အတိုင်းလည်း အလွယ်တကူအသုံးပြုနိုင်ပါသေးတယ်။

Performance ပိုင်းမှာတော့ ROG Flow Z13 ဟာ Tablet ဖြစ်နေပေမယ့် 12th Gen Intel Core i7-12700H Processor ၊ Nvidia GeForce RTX 3050 Graphic Card ၊ RAM 16GB 5200MHz DDR5 RAM နဲ့ 512GB PCI-e 4.0 SSD တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါက တကယ်ကို တခြားပုံမှန် Gaming Laptop တွေထက်တောင် သာလွန်တဲ့စွမ်းဆောင်ရည်ရှိနေတာဖြစ်ပါတယ်။

တကယ်တမ်း ဂိမ်းဆော့ကြည့်တဲ့အချိန်မှာလည်း ASUS ကနေ Vapour Chamber Cooling အပြင် CPU အတွက် Liquid Metal Themerpaste တွေကို အသုံးပြုပေးထားတာကြောင့် Heat လုံးဝမတက်တာကိုတွေ့ရပါတယ်။ Cooling ပိုင်းမှာ နောက်ကျောဘက်ကနေ လေအေးတွေကို စုတ်ယူပြီး အပေါ်ဘက််ကို တိုက်ရိုက် အပူစွန့်ထုတ်တဲ့ Design ကြောင့် Display နဲ့ Keyboard Area မှာ လုံးဝ Heat တက်တာမျိုးကို ခံစားရမှာမဟုတ်ပါဘူး။

နောက်ထပ် ဒီ ROG Flow Z13 ရဲ့ အားသာချက်ကတော့ Gaming Tablet တစ်ခုဖြစ်ပြီး ဒီလိုမျိုး စွမ်းဆောင်ရည်အလွန်ကောင်းတဲ့ Hardware တွေကို အသုံးပြုထားပေမယ့် Performance Mode မှာ Noise Level က 35dB အောက်မှာပဲ ရှိတာကြောင့် တခြား Gaming Laptop တွေလိုမျိုး Fan သံကျယ်နေတာမျိုး လုံးဝမရှိပါဘူး။ ဒါတင်မဟုတ်သေးဘဲ ပုံမှန်အတိုင်း အသုံးပြုမယ်ဆိုရင် Fan တွေကို အသုံးမပြုတော့ဘဲ 0dB အနေနဲ့ လုံးဝ Silent အနေနဲ့ အလုပ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Benchmark တွေအရလည်း ROG Flow Z13 က ဒီ 12th Gen i7 ဖြစ်နေတာတွေ၊ 5200MHz DDR5 RAM တွေကြောင့် မနှစ်တုန်းက 11th Gen Processor နဲ့ ယှဥ်ရင် အများကြီးပိုကောင်းလာတယ်။ Nvidia RTX 3050 Graphics Card ကလည်း Ray Tracing Support ပြုလုပ်တဲ့ AAA Title ဂိမ်းတွေကို ကောင်းကောင်းဆော့လို့ရသလို Valorant လိုမျိုး eSport FPS ဂိမ်းတွေမှာလည်း 200fps နီးပါးရတာကိုတွေ့ရတယ်။ ဒါက 12mm အထူပဲရှိပြီး 1.18Kg ပဲလေးတဲ့ Tablet တစ်လုံးအနေနဲ့ကတော့ တကယ်ကို အထင်ကြီးဖို့ကောင်းပါတယ်။

ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Processor နဲ့ Graphic Card ကို အကောင်းဆုံးတွဲဖက်ပေးတာကတော့ 13.4” Full HD+ 120Hz IPS LCD Display ပဲဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ ROG Flow Z13 ရဲ့ Display ဟာ 16:10 Ratio ကို အသုံးပြုထားတာကြောင့် Web Browsing နဲ့ Content Creation ပိုင်းမှာ ပိုပြီး မြင်ကွင်းကျယ် Experience ကို ရရှိတာကိုတွေ့ရပါတယ်။ Display Quality အနေနဲ့လည်း အပြစ်ပြောစရာမရှိအောင် ကောင်းမွန်ပြီး Pantone Validated Display ဖြစ်တာကြောင့် Color Accuracy ပိုင်းမှာလည်း အလွန်ကောင်းမွန်တာကိုတွေ့ရပါတယ်။ Tablet တစ်ခုဖြစ်တာကြောင့် 10-fingers Touch Support ပြုလုပ်တဲ့အပြင် Brightness ကလည်း 500Nits အထိထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေရောင်အောက်မှာ အသုံးပြုမယ်ဆိုရင်လည်း ပုံမှန်အတိုင်းအသုံးပြုနိုင်မှာပါ။

Refresh Rate အနေနဲ့လည်း Game ဆေ့ာကစားတဲ့အချိန်မှာ 120Hz အထိ Support ပေးနိုင်တာက အားသာချက်တစ်ခုဖြစ်ပြီး Response Time အနေနဲ့လည်း တခြား Gaming Laptop တစ်လုံးအသုံးပြုနေရသလိုပဲ မြန်ဆန်တာကိုတွေ့ရပါတယ်။ ဒါကြောင့် Portable Gaming အနေနဲ့ တကယ်ကို အသုံးဝင်မှာပါ။

တကယ်လို့ ဒီထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တာကို လိုချင်တယ်ဆိုရင်လည်း ROG Flow Z13 မှာ RTX 3080 Graphic Card ပါဝင်တဲ့ XG Mobile Module ကို သီးသန့်ဝယ်ယူပြီး အသုံးပြုနိုင်ဦးမှာပါ။ ဒါပေမယ့် ပုံမှန်အသုံးပြုသူတစ်ယောက်အတွက်ကတော့ RTX 3050 ဟာ လုံလောက်တာထက် ပိုနေပြီလို့တောင် ပြောလို့ရပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ ROG Flow Z13 ဟာ Wi-Fi 6E ၊ Bluetooth 5.2 တွေပါဝင်သလို Camera ပိုင်းမှာလည်း နောက်ဖက်မှာ 8MP Camera နဲ့ Selfie Webcam ကို 720p Webcam ထည့်သွင်းပေးထားပါတယ်။ Login ပြုလုပ်ဖို့အတွက် Windows Hello Face Unlock အစား Power Button မှာ Fingerprint Sensor ထည့်သွင်းပေးထားတာကြောင့် Power Button ကို နှိပ်လိုက်တာနဲ့ Password ရိုက်စရာမလိုဘဲ Login ဝင်ရောက်သွားမှာဖြစ်ပါတယ်။

Port တွေအနေနဲ့ကတော့ Thunderbolt 4 ၊ DisplayPort နဲ့ Power Delivery တွေကို Support ပေးနိုင်တဲ့ USB-C တစ်ပေါက်၊ USB 3.2 Gen 2 Type-C တစ်ပေါက်၊ USB-A 2.0 တစ်ပေါက်၊ 3.5mm Audio Jack ၊ MicroSD Card Reader တွေပါဝင်မှာဖြစ်ပါတယ်။ အသံပိုင်းအနေနဲ့ Smart Amplifier နည်းပညာအပြင် Dolby Atmos ပါဝင်တဲ့ 2-Speaker Stereo Speaker တွေကို ထည့်သွင်းပေးထားပြီး အသံထွက်အနေနဲ့လည်း Windows Tablet အနေနဲ့ တော်တော်လေးကို ကောင်းမွန်တာကိုတွေ့ရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 56WHr ပါဝင်ပြီးတော့ 100W USB-C Power Adapter ဖြင့် အားသွင်းရမှာဖြစ်ပါတယ်။ Battery Life အနေနဲ့ကတော့ သာမန်လို့ပဲ ပြောနိုင်ပြီး ပုံမှန်အသုံးပြုချိန် ၄ နာရီဝန်းကျင်ပဲ ရရှိမှာဖြစ်ပါတယ်။

ASUS ROG Flow Z13 ကို ဝယ်ယူမယ်ဆိုရင် RGB Backlit ပါဝင်ပြီး 1.7mm Key Travel ကြောင့် ပုံမှန် Laptop အတိုင်းအသုံးပြုနိုင်မယ့် Type Cover ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ASUS Stylus Pen လည်းပါဝင်တာကြောင့် ပုံဆွဲချင်တဲ့သူတွေ၊ Note မှတ်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

ASUS ROG Flow Z13 ကို စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁,၇၉၉ နဲ့ရောင်းချသွားမယ်လို့ သိရပြီး ဝယ်ယူသူတွေကို ROG Headset နဲ့ Mouse အပြင် လှပတဲ့ ROG Tablet Sleeve ကိုပါ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး စျေးနဲ့အခုလိုမျိုး စွမ်းဆောင်ရည်အလွန်ကောင်းမွန်တဲ့ Tablet ကို ရရှိနိုင်တာက တကယ်ကို Portable ဖြစ်ပြီး Performance ကောင်းကောင်းရှာနေတဲ့သူတွေအတွက် လုံးဝအကြိုက်ဖြစ်စေမှာပါ။