တကယ်လို့ Gaming Laptop တစ်လုံးကို ရှာဖွေနေတယ်၊ စွမ်းဆောင်ရည်ပိုင်းအရလည်း အကောင်းဆုံးဖြစ်ဖို့လိုအပ်နေပြီး အရွယ်အစားကလည်း ပုံမှန် 15.6” Laptop တစ်လုံးလောက်ပဲ ရှိဖို့လိုအပ်တယ်ဆိုရင် အကောင်းဆုံးဖြစ်စေမယ့် Gaming Laptop တစ်လုံးအကြောင်းကို မျှဝေပေးချင်ပါတယ်။ ဒါကတော့ ASUS ကနေ ထုတ်လုပ်ထားတဲ့ ROG Strix G15 (G513) ပဲဖြစ်ပါတယ်။

ASUS ROG Strix G15 ဟာ ဘာကြောင့် အကောင်းဆုံး Gaming Laptop တစ်လုံးလို့ ပြောနိုင်သလဲဆိုရင် လက်ရှိအချိန်မှာ အကောင်းဆုံးသော Specs တွေကို ထည့်သွင်းထားနိုင်တာကြောင့်လို့ပဲ ပြောချင်ပါတယ်။ ပြောရရင် AMD ရဲ့ အကောင်းဆုံး Ryzen 9 5900HX Processor ၊ Nvidia RTX 3070 Graphic နဲ့ 300Hz Display Panel တွေဟာ Strix G15 ကို တခြားသော Gaming Laptop တွေထက် သာလွန်နေစေတာဆိုရင်လည်းမမှားပါဘူး။

Design

အရင်ဆုံး Design ပိုင်းကို ကြည့်လိုက်မယ်ဆိုရင်လည်း Strix G15 ဟာ တခြားသော Laptop တွေနဲ့ ကွဲထွက်နေတာကိုတွေ့ရမှာပါ။ အနောက်ဖက်က Display Lid Design ဟာ Dual Tone Design နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ROG Logo ကလည်း Backlit ဖြစ်တာကြောင့် လုံးဝကို အကြမ်းစား Gaming Laptop တစ်လုံးမှန်းသိသာနေစေပါတယ်။ နောက်ဖက်မှာပါဝင်တဲ့ Heat Vent Design တွေကအစ လုံးဝကို သာမန်အတိုင်းမဟုတ်ဘဲ ASUS Republic of Gamer စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကို Roman Numerals အနေနဲ့ ရေးသားထားတာတွေက တော်တော်လေးကိုလှနေတာဖြစ်ပါတယ်။

Performance

စွမ်းဆောင်ရည်ပိုင်းမှာတော့ ROG Strix G15 က တကယ်ကို လက်ရှိအချိန်မှာ ဝယ်ယူနိုင်တဲ့ Gaming Laptop ထဲမှာ အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ AMD Ryzen 5900HX Processor ဟာ 8-Core/16-Threads Processor တစ်ခုဖြစ်ပြီး အမြင့်ဆုံး 4.6GHz Speed အထိ ရောက်ရှိနိုင်တဲ့ Processor တစ်ခုဖြစ်ပါတယ်။ Gaming ပိုင်းမှာဆိုရင်လည်း လက်ရှိ AAA Title Game တွေအကုန်လုံးနီးပါးကို ကောင်းကောင်းလုပ်နိုင်သလို Professional Video Editing ပိုင်းတွေ၊ Photo Editing ပိုင်း Software တွေအကုန်လုံးကို ကောင်းကောင်း Handle လုပ်နိုင်တာကို တွေ့ရပါတယ်။ တစ်ခုရှိတာကတော့ Performance Mode သို့မဟုတ် Turbo Mode မှာပဲ CPU က အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။

Benchmark တွေအနေနဲ့ကြည့်မယ်ဆိုရင် Geekbench လိုမျိုး CPU စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ Software မှာ Single Core Scroe က 1440 နဲ့ Multi-Core Score မှာ 7514 မှတ် အသီးသီးရရှိထားတာကို တွေ့ရပါတယ်။ ဒါက တကယ်ကို စွမ်းဆောင်ရည်ပိုင်းမှာ Intel i9 Processor ထက်တောင် ပိုကောင်းနေတာဖြစ်သလို တကယ်တမ်းအသုံးပြုတဲ့အချိန်မှာလည်း လုံးဝကို မြန်ဆန်သွက်လက်နေတာဖြစ်ပါတယ်။

အပူချိန်ပိုင်းမှာတော့ CPU ကို အဓိကထားပြီး အသုံးပြုနေရတဲ့ Stress Workload တွေမှာဆိုရင် အမြင့်ဆုံး 90’C လောက်အထိရောက်ရှိတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း CPU Cooling ပိုင်းအတွက် Liquid Metal နဲ့ 5-Phase Power Design ကို အသုံးပြုထားတာကြောင့် မြန်မြန်ဆန်ဆန် အပူကိုစွန့်ထုတ်နိုင်တာကတော့ အားရဖို့ကောင်းပါတယ်။

Gaming Laptop တစ်ခုဖြစ်တာကြောင့် Graphic ပိုင်းကလည်း အရေးကြီးတဲ့နေရာမှာပါဝင်ပါတယ်။ ဒီနေရာမှာ Nvidia ရဲ့ Geforce RTX 3070 Graphic Card ကို ထည့်သွင်းထားပြီး 8GB GDDR6 Memory ပါဝင်တာကြောင့် ဘယ်လိုမျိုး Game တွေပဲဖြစ်ဖြစ်၊ Application တွေပဲဖြစ်ဖြစ် ကောင်းကောင်း အသုံးပြုနိုင်မှာသေချာစေပါတယ်။ ဒီ Geforce RTX 3070 ဟာ Dynamic Boost နည်းပညာကို အသုံးပြုပြီး အမြင့်ဆုံး 130W TDP အထိရောက်ရှိနိုင်တာကြောင့် တကယ့် Desktop GPU တွေနီးပါး စွမ်းဆောင်နိုင်စေမှာဖြစ်ပါတယ်။

တကယ်တမ်း Game ဆော့ကြည့်တဲ့အချိန်မှာလည်း Valorant လိုမျိုး FPS eSport Game တွေမှာ 250fps ဝန်းကျင်နဲ့ GTA V ၊ Control လိုမျိုး AAA Title Game တွေမှာဆိုရင် 90~110fps ဝန်းကျင်အထိကို ရရှိစေမှာဖြစ်ပါတယ်။ Ray Tracing ကို Support ပြုလုပ်ထားတဲ့ ဂိမ်းတွေမှာဆိုရင် Ray Tracing On ထားရင်တောင် 60fps အထက် ဆော့ကစားနိုင်တာကြောင့် eSport Game တွေပဲဖြစ်ဖြစ်၊ AAA Title Game တွေဆော့ကစားတဲ့သူပဲဖြစ်ဖြစ် အကြိုက်တွေ့စေမှာပါ။

အပူချိန်ပိုင်းအနေနဲ့ ROG Strix G15 ဟာ တော်တော်လေးကို ကောင်းမွန်ပြီးတော့ GPU ပိုင်းမှာ အမြင့်ဆုံး 85’C လောက်အထိပဲ ရောက်ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် အချိန်ကြာကြာ Game ဆော့မယ်ဆိုရင်တောင် Strix G15 က ညွှန်းလို့ကောင်းတဲ့ Gaming Laptop တစ်ခုလို့ သတ်မှတ်ချင်ပါတယ်။

နောက်ထပ် Strix G15 ရဲ့ အားသာချက်ကတော့ Turbo Mode လိုမျိုး အသုံးပြုနေရင်တောင်မှ Fan အသံက အရမ်းကျယ်လောင်နေမှာမဟုတ်ဘဲ 45dB အောက်ပဲရှိမှာဖြစ်ပါတယ်။ ဒါက Headphone တပ်ပြီး Game ဆော့မယ်ဆိုရင်လည်း လုံးဝ Fan သံကြောင့် အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 16GB 3200MHz RAM ၊ 1TB PCI-E SSD နဲ့ Wi-Fi 6 တွေကို Support ပေးထားမှာဖြစ်ပါတယ်။

Display

ဒီလိုမျိုး Performance ပိုင်းကြမ်းနေပေမယ့် Display က မလိုက်နိုင်ရင်လည်း အလကားဖြစ်သွားမှာပါ။ ဒါပေမယ့် Strix G15 မှာ အသုံးပြုထားတဲ့ 15.6” Full HD IPS Display ကလည်း Gaming ပိုင်းတင်မဟုတ်ဘဲ Content Creation ပိုင်းအတွက်ပါ အရမ်းကောင်းနေတယ်လို့ ပြောလို့ရပါတယ်။

ဘာကြောင့်လဲဆိုရင် Refresh Rate ကို အမြင့်ဆုံး 300Hz အထိ Support ပေးထားပြီး Response Time ကလည်း 3ms ပဲရှိတာကြောင့် FPS Game တွေ၊ eSport Game တွေဆော့ကစားတဲ့အချိန်မှာ တကယ်ကို Competitive Advantage ကို ရရှိစေမှာဖြစ်ပါတယ်။ Brightness အနေနဲ့ 300 Nits ရှိမှာဖြစ်ပြီး IPS Panel ဖြစ်တာကြောင့် Viewing Angle ပိုင်းကလည်း စိတ်ကျေနပ်စရာပါ။ အကောင်းဆုံးကတော့ Color Accuracy ပိုင်းမှာ 100% sRGB ကို Support ပြုလုပ်တာကြောင့် Graphic Design ပိုင်းတွေပဲဖြစ်ဖြစ်၊ Video Production ပိုင်းတွေမှာပါ စိတ်ချလက်ချအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Power စားသက်သာဖို့အတွက် 60Hz ကိုပြောင်းပေးနိုင်တဲ့ Adaptive Sync ပါဝင်သလို နေရောင်အောက်မှာ အသုံးပြုမယ်ဆိုရင်လည်း အလင်းမပြန်စေဖို့အတွက် Anti-glare Display Coating ကို ထည့်သွင်းပေးထားပါသေးတယ်။

အဲ့ဒါကြောင့် ASUS ROG Strix G15 ဟာ Display ပိုင်းမှာလည်း Performance ပိုင်းလိုမျိုးပဲ အားရဖို့ကောင်းနေတာဖြစ်ပါတယ်။

Audio

Speaker ပိုင်းမှာလည်း 2x 4W Speaker with Smart Amp Technology ကို ထည့်သွင်းပေးထားပြီး Dolby Atmos ကိုပါ Support ပြုလုပ်ထားပါတယ်။ ဒါကြောင့် ကိုယ်က Game ဆော့တဲ့အချိန်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တဲ့အချိန်ပဲဖြစ်ဖြစ် တကယ်ကို Immersive ဖြစ်တဲ့ အသံထွက်ကို ရရှိနိုင်တာက အားသာချက်တစ်ခုဖြစ်နေမှာပါ။ နောက်ပြီး ASUS ကနေ Video Conferencing တွေ၊ Discord Communication တွေအတွက် နောက်ဖက်က Background အသံကို ဖယ်ရှားပေးနိုင်တဲ့ AI Mic Noise-Cancellation နည်းပညာကိုပါ Support ပြုလုပ်ထားပါသေးတယ်။

Others

Keyboard ပိုင်းမှာလည်း ROG Strix G15 ဟာ Per-Key RGB Support ပြုလုပ်ထားပြီး အောက်ဖက်က Surround Light Bar နဲ့ တွဲဖက်လိုက်တဲ့အချိန်မှာ အရမ်းကို လှပနေမှာဖြစ်ပါတယ်။ Arrow Keys တွေကို သီးသန့်ပြုလုပ်ပေးထားတာက Gamer တွေအတွက် အဆင်ပြေသလို Hotkeys ၅ ခုကိုလည်း အပေါ်မှာထည့်သွင်းပေးထားတာကြောင့် ကိုယ့်စိတ်ကြိုက် Shortcut Key ကိုလည်း ပြင်ဆင်အသုံးပြုနိုင်ပါသေးတယ်။

Touchpad ကလည်း အသုံးပြုရတာ အဆင်ပြေပြီး Windows Precision Driver ကို အသုံးပြုထားတဲ့အပြင် အရွယ်အစားကြီးမားတာကြောင့် Mouse မပါဘဲ သုံးမယ်ဆိုရင်တောင် ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Port တွေအနေနဲ့ကတော့ Power Port ၊ LAN Port ၊ USB-C ၊ HDMI 2.0 ၊ 3.5mm Headphone Jack အပြင် USB-A Port ၃ ခုပါဝင်မှာဖြစ်ပါတယ်။ Power Port တွေ၊ LAN Port တွေကို အနောက်မှာထည့်သွင်းပေးထားတာကြောင့် Power ကြိုးနဲ့ Mouse သုံးရတာညှိနေတာမျိုးလည်း ကြုံရစေမှာမဟုတ်ပါဘူး။

Battery ကလည်း Strix G15 ဟာ Gaming Laptop တစ်ခုဖြစ်ပေမယ့် 90Whr Battery ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်လောက်ပဲ အသုံးပြုမယ်ဆိုရင် ၇ နာရီကျော်အထိကို အသုံးပြုနိုင်မှာပါ၊ ဒါက Gaming Laptop တစ်လုံးအနေနဲ့ တော်တော်လေးကို အားရဖို့ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အားသွင်းတဲ့အချိန်မှာလည်း 240W Power Adapter ကြောင့် အားဝင်မြန်ပြီး USB-C Charging ကိုလည်း 100W အထိ Support ပေးထားတာကြောင့် အရေးပေါ် အားသွင်းချင်ရင်လည်း အားသွင်းနိုင်ဦးမှာပါ။

ASUS ROG Strix G15 (G513) Gaming Laptop ဟာ အထူအနေနဲ့လည်း 2.72cm ပဲရှိသလို အလေးချိန်ကလည်း 2.3Kg ပဲရှိတာကြောင့် Gaming Laptop တစ်လုံးအနေနဲ့ တော်တော်လေးကို ပေါ့ပါးနေတာဖြစ်ပါတယ်။ ဒါကြောင့် သာမန် 15.6” Laptop တစ်လုံးလောက်ပဲ ရှိပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ လုံးဝကို အဆိပ်ပြင်းလွန်းတဲ့ Gaming Laptop ဖြစ်နေတာကြောင့် ကိုယ်က ပေါ့ပေါ့ပါးပါး Gaming Laptop ရှာနေရင် ကျိန်းသေပေါက်ရွေးချယ်သင့်ပါတယ်။