စွမ်းဆောင်ရည်ကောင်းတဲ့ Laptop တစ်လုံးရှာနေပေမယ့် ကိုယ်က Gamer တစ်ယောက်မဟုတ်လို့ Gaming Laptop တွေကို မရွေးချယ်ချင်တာပဲဖြစ်ဖြစ်၊ Gaming ထက် ကိုယ့်အလုပ်က Creative Professional ဘက်ပိုင်းအတွက် အဆင်ပြေတဲ့ Laptop ဖြစ်ဖို့လိုအပ်တယ်ဆိုရင် ညွှန်းပေးရမယ့် Laptop တစ်လုံးရှိပါတယ်။ ဒါကတော့ ASUS ကနေ ထုတ်ထားတဲ့ Vivobbook Pro 15 OLED (K3500) ပဲဖြစ်ပါတယ်။

ASUS ရဲ့ Vivobook Series လို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံစျေးကွက်ထဲမှာ စျေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ပိုင်းကောင်းမွန်တဲ့ Laptop တွေဆိုတာ သိပြီးဖြစ်မှာပါ။ အခု ASUS ကနေ ဒီလိုမျိုး ယခင်တုန်းက Vivobook တွေထက် ပိုကောင်းပြီး Creative Professional အတွက် ဦးတည်ထားတဲ့ VivoBook Pro OLED Model တွေကို စျေးကွက်ထဲကို ယူဆောင်လာတာပဲဖြစ်ပါတယ်။

အခု Review ပြုလုပ်ပေးချင်တာကတော့ ASUS Vivobook Pro 15 OLED (K3500) ပဲဖြစ်ပါတယ်။ ဒီ Vivobook Pro 15 OLED ဟာဆိုရင် Design ၊ Display အပြင် Performance ပိုင်းမှာပါ အားရဖို့ကောင်းတဲ့ Laptop တစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

အရင်ဆုံး Design ပိုင်းအနေနဲ့ Vivobook Pro 15 OLED ဟာ 15.6” Laptop တစ်လုံးဖြစ်ပေမယ့် သာမန် 14” Laptop နီးပါးပဲ အရွယ်အစားရှိမှာဖြစ်ပါတယ်။ Design ပိုင်းက Premium ဆန်ပြီး Vivobook Logo ကိုလည်း ပုံမှန်နဲ့ မတူဘဲ ကွဲထွက်နေအောင် လုပ်ထားတာက တမျိုးဆန်းနေပါတယ်။ အရောင်ကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်သလို Review ပြုလုပ်ဖြစ်တဲ့ Quiet Blue အရောင်ကလည်း တော်တော်လေးကို တည်ငြိမ်လှပနေတာဖြစ်ပါတယ်။

ASUS Vivobook Pro 15 OLED ရဲ့ အားအသာဆုံးအပိုင်းကတော့ Display ပဲဖြစ်ပြီး ပုံမှန် Laptop တွေမှာပါဝင်တဲ့ LCD Display အစား OLED Display ကို ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ Display Size အနေနဲ့ 15.6” ရှိမှာဖြစ်ပြီး Resolution အနေနဲ့ကတော့ Full HD Resolution ဖြစ်ပါတယ်။ ဒါပေမယ့် OLED Display ဖြစ်သွားတဲ့အတွက် Brightness ပိုင်းမှာ 600Nits အထိရရှိနိုင်မှာဖြစ်ပြီး Cinema-grade 100% DCI-P3 Color Gamut ကိုပါ ထောက်ပံ့ထားတာကြောင့် Professional Photo ၊ Video Editing ပိုင်းတွေမှာ စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။ ဒီလိုမျိုး Color Accuracy ကို စိတ်ပူစရာမလိုအောင်လည်း PANTONE® Validated ဖြစ်ထားပါသေးတယ်။

တကယ်တမ်းအသုံးပြုတဲ့အချိန်မှာလည်း Vivobook Pro 15 OLED ရဲ့ Display ဟာ တကယ်ကို Professional Display တစ်ခု သုံးနေရတဲ့အတိုင်း Color Accuracy ကို ရရှိနိုင်မှာဖြစ်ပါတယ်။ OLED ဖြစ်နေတာကြောင့် Black Level တွေက True Black နီးပါးရရှိမှာဖြစ်ပြီး Contrast Ratio ကလည်း တခြားသော LCD Display ပါဝင်တဲ့ Laptop တွေထက် ပိုသာလွန်မှာဖြစ်ပါတယ်။ ဒါကြောင့် Professional Creative အလုပ်တွေပဲလုပ်လုပ်၊ ရုပ်ရှင်ကြည့်မယ်ဆိုရင်လည်း Vivobook Pro 15 OLED ရဲ့ Display က အကောင်းဆုံးဖြစ်နေမှာပါ။ Screen-to-Body Ratio ကလည်း 84% အထိရှိတာကြောင့် Viewing Experience ကလည်း Immersive ဖြစ်နေဦးမှာပါ။

ဒီလိုမျိုး Display ပိုင်းမှာ အားရဖို့ကောင်းသလို Laptop တစ်လုံးမှာ အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ Performance ပိုင်းမှာလည်း ASUS Vivobook Pro 15 OLED က စွမ်းဆောင်ရည်ကောင်းမွန်နေဦးမှာဖြစ်ပါတယ်။

Processor ပိုင်းမှာ Intel ရဲ့ i7-11370H High Performance Processor ကို အသုံးပြုထားသလို RAM 8GB 3200MHz DDR4 ၊ 512GB PCI-E SSD ၊ Nvidia Geforce RTX 3050 Graphic Card တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် Performance ပိုင်းမှာ တော်ရုံ Gaming Laptop တွေ၊ Ultrabook တွေနဲ့တောင် ကောင်းကောင်းယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ဒီ Performance ပိုင်းမှာ Vivobook Pro 15 OLED က အထင်ကြီးဖို့ကောင်းတဲ့အချက်လေးတွေရှိပါသေးတယ်။ ဒါကတော့ Dual-fan Cooling System ကိုမှ ASUS IceCool Plus နည်းပညာနဲ့ ပေါင်းစပ်ထားတာကြောင့် Performance ပိုင်းမှာ 85W TDP အထိ ဆွဲတင်နိုင်မှာဖြစ်ပြီး Laptop ကိုလည်း လုံးဝ Heat တက်စေမှာမဟုတ်ပါဘူး။ ဒီ Cooling အပိုင်းကတော့ Vivobook Pro 15 OLED မှာ သဘောကျဖို့ အကောင်းဆုံးအချက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ နောက်ထပ် ကြိုက်မိတာကတော့ Creative တွေနဲ့ Professional တွေအတွက် ဦးတည်ထားတဲ့ Laptop တစ်လုံးဖြစ်တာကြောင့် Nvidia Driver ကိုယ်တိုင်က Studio Driver အနေနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် Adobe လိုမျိုး Creative Software တွေနဲ့ ပိုပြီးအဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Vivobook Pro 15 OLED Laptop ဟာ Keyboard အနေနဲ့လည်း Numpad ပါဝင်တဲ့ Full Size Keyboard ကို ထည့်သွင်းပေးထားတာကြောင့် Excel နဲ့ Spreadsheet တွေပြုလုပ်နေရတဲ့သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ Keyboard Typing Experience အနေနဲ့လည်း တော်တော်လေးကို ကောင်းသလို Backlit Keyboard ကလည်း ညဘက် သို့မဟုတ် မီးပျက်တဲ့အချိန်မှာ သင့်တော်မှာဖြစ်ပါတယ်။ Trackpad ကိုလည်း ပုံမှန်ထက် အရွယ်အစားပိုကြီးအောင် ပြုလုပ်ပေးထားတာကြောင့် Gesture တွေနဲ့ Multitasking ပြုလုပ်တဲ့အချိန်တွေမှာလည်း အဆင်ပြေမှာပါ။

ဒါတင်မဟုတ်သေးဘဲ Keyboard မှာလည်း Login ပြုလုပ်ဖို့အတွက် Fingerprint Sensor ကိုထည့်သွင်းထားပါတယ်။ တခြားသော သဘောကျဖို့ကောင်းတဲ့အချက်တွေဖြစ်တဲ့ Webcam Privacy Cover ၊ Wi-Fi 6 ၊ အသံအရည်အသွေးကောင်းမွန်တဲ့ Harman Kardon Speaker Setup တွေလည်း ပါဝင်ပြီးဖြစ်ပါတယ်။

နောက်ပြီး Professional တွေအတွက် Laptop တစ်လုံးမှာ အရေးပါတဲ့ Port တွေအနေနဲ့လည်း Vivobook Pro 15 OLED မှာ USB 3.0 Port ၊ USB 2.0 Port ၂ ခု၊ USB-C ၊ HDMI ၊ MicroSD Card Reader ၊ Headphone Jack စတဲ့ လိုအပ်တဲ့ Port တွေအကုန်လုံးပါဝင်ပြီးဖြစ်ပါတယ်။ Battery အနေနဲ့လည်း 63Wh Battery ပါဝင်ပြီး ပုံမှန်အသုံးပြုမှုတွေမှာ တစ်နေကုန်ကောင်းကောင်းသုံးနိုင်တာကို တွေ့ရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ ASUS Vivobook Pro 15 OLED (K3500) ကို $1,299 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး မကြာခင် မေလအတွင်းမှာ မြန်မာနိုင်ငံစျေးကွက်ကို RAM 16GB Version လည်း ဝင်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် စွမ်းဆောင်ရည်မြင့်မားပြီး Display ပိုင်းစိတ်ချရဖို့ လိုအပ်တဲ့ Creative Professional တွေအတွက်ကတော့ ကျိန်းသေပေါက်အဆင်ပြေစေမယ့် Laptop တစ်လုံးဖြစ်ပါတယ်။