Apple Fans တွေက အဆင့်မြင့်စွာ တည်ဆောက်ထားတဲ့ iPhone တွေကို သဘောကျကြပါတယ်။ ဒါပေမယ့်လည်း တချို့ iPhone တွေဟာ လူတွေကို အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

Man Suffers Minor Burns as iPhone Explodes Inside Pocket in Uttar Pradesh -  Smartprix

ဧပြီလ ၂၄ ရက်နေ့မှာ အိန္ဒိယ နိုင်ငံ Uttar Pradesh ရဲ့ Aligarh မှာ လူငယ်တစ်ယောက်ဟာ iPhone 13 ကို ဘောင်းဘီ အိတ်ကပ်ထဲထည့်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ iPhone 13 ဟာ ပေါက်ကွဲသွားခဲ့ပါတယ်။ လူမှုကွန်ရက်မှာ အဲဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို ထွက်ပေါ်လာပြီး ဖုန်းဟာ ဆိုးရွားစွာ လောင်ကျွမ်းပျက်ဆီးသွားပါတယ်။ ဖုန်း ပိုင်ရှင်ဟာလည်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားပြီး အနီးအနားက ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။

iPhone 13 India launch: Fans can expect new Apple phones on this date - iPhone  13 India launch: Fans can expect new Apple phones on this date BusinessToday

သူဟာ အဲဒီ iPhone 13 ကို ဝယ်ထားတာ ရက်အနည်းငယ်ပဲ ရှိပါသေးတယ်။ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ တန်ဖိုးနည်း ဖုန်းတွေ၊ အရည်အသွေး မကောင်းတဲ့ ဖုန်းတွေမှာ ပေါက်ကွဲတာဟာ မပြောသာပေမယ့် တန်ဖိုးကြီး အဆင့်မြင့် စမတ်ဖုန်းဟာ ဒီလို ပေါက်ကွဲတာတော့ စိုးရိမ်စရာ ရှိပါတယ်။

Aligarh ရဲဌာနက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ကျွမ်းကျင်သူတွေကို အကူအညီတောင်းနေပါတယ်။

Ref : msn