ဖုန်းရဲ့ အနား မရှိသလောက်နည်းပါးတဲ့ Edge to Edge စခရင်နဲ့ ထုတ်လုပ်ထားတဲ့ Mi Mix 2 စမတ်ဖုန်းဖြစ်ပါတယ်။

တရုတ် စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရှောင်မီ ကုမ္ပဏီက Samsung Galaxy Note 8 နဲ့ အပြိုင်ဖြစ်လာမယ့် Mi Mix 2 ကို စက်တင်ဘာလက မိတ်ဆက်ခဲ့ပါတယ်။

ရှောင်မီ ကုမ္ပဏီရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Mi Mix 2 မှာ Samsung Galaxy Note 8 မှာသုံးထားတဲ့ Qualcomm Snapdragon 835 processor ကို သုံးထားပါတယ်။

Samsung Galaxy Note 8 နဲ့ အပြိုင်ဖြစ်လာမယ့် Mi Mix 2

မျက်နှာပြင်အရွယ်အစားက 5.99 လက်မရှိပြီး 2080 နဲ့ 1080 Pixel Resolution ရှိပါတယ်။ မနှစ်ကထုတ်လုပ်ခဲ့တဲ့ Mi Mix 6.4 လက်မထက်တော့ ပိုသေးပါတယ်။

Mi Mix 2 က Speaker က အရင်ကထက် အများကြီးပိုကောင်းလာပါတယ်။

Mi Mix 2 မှာ RAM 6 GB ပါဝင်တာကြောင့် ဂိမ်းတွေကို စိတ်ကြိုက် ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Storage က 128 GB နဲ့ 256 GB ဆိုပြီး ၂ မျိုးနဲ့ လာပါတယ်။

ဘက်ထရီက 3400 mAh ဖြုတ်လို့မရတဲ့ ဘက်ထရီပါဝင်ပါတယ်။ လက်ပွေစနစ်ကလည်း ဖုန်းရဲ့ အနောက်ဘက်မှာ ပါရှိပါတယ်။

ကိုယ်ထည်

ကိုယ်ထည်ကိုတော့ သတ္တုနဲ့ပြုလုပ်ထားပါတယ်။ Mi Mix 2 မှာ Ceramic အမည်းရောင်မှာလည်း အစင်းရောင် မထင်အောင် ထုတ်လုပ်ထားပါတယ်။

ကင်မရာ

အနောက်ကင်မရာက 12 MP ပါဝင်ပြီး Aperture f/2.2 နဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာက 5MP ပါဝင်ပါတယ်။

အဲ့ဒီအပြင် Mi Mix 2 ရဲ့ ကင်မရာက 1080 p နဲ့ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ဖမ်းယူနိုင်ပြီး Time-Lapse နဲ့ Slow Motion ဗီဒီယို Modes တွေလည်း ပါဝင်ပါတယ်။

ဈေးနှုန်း

RAM 6 GB နဲ့ 64 GB Storage ရှိတဲ့ Mi Mix 2 ကို အမေရိကန်ဒေါ်လာ ၅၃၅ နဲ့ ရောင်းချနေပါတယ်။ 128 GB နဲ့ 256 GB Storage ရှိတဲ့ Mi Mix 2 ကို အမေရိကန် ဒေါ်လာ ၇၂၀ ၀န်းကျင်နဲ့ ရောင်းချပါတယ်။