2019 မှာထုတ်လုပ်မယ့် iPhone Model အသစ်တွေကို အသုံးပြုတဲ့နေရာမှာ လက်နဲ့တို့ထိစရာမလိုတော့ပဲ Screen ရဲ့အပေါ် လေထဲကနေတစ်ဆင့် Gesture တွေနဲ့အသုံးပြုနိုင်တော့မှာပါ။
အခုလောလောဆယ် လေပေါ်ကနေ Gesture အမျိုးစုံသုံးပြီး အသုံးပြုနိုင်မယ့် Feature အသစ်တစ်ခုကို Apple ကစမ်းသပ်နေပြီဖြစ်ပါတယ်။ အဲ့အပြင် AR Feature အသစ်တွေပါစမ်းသပ်နေပါတယ်။ Screen ရဲ့ အကွာကနေသုံးနိုင်မယ့် အဆိုပါ Gesture Feature တွေကို Macbook အသစ် တွေမှာလည်း အသုံးပြုလာမှာပါ။

Apple က သုံးဘက်မြင်မျက်နှာပုံစံတွေကိုမှတ်သားတဲ့ စနစ်ကို iPhone X ရဲ့ TrueDepth Camera System အနေနဲ့ Smartphone လောကထဲကို ယူဆောင်လာပြီးဖြစ်တယ်။

လောလောဆယ်တော့ Gesture Feature တွေမရှိသေးပဲ မကြာတော့မယ့်အနာဂတ်မှာတော့ အဲ့ဒီ TrueDepth Feature ကိုပဲထပ်ပြီး Upgrade လုပ်ပြီး Gesture Featureတွေအသုံးပြုနိုင်တော့မှာပါ။


အဲ့အပြင် AR လို့ခေါ်တဲ့ ပုံရိပ်ယောင် (ဥပမာ Pokemon Go) Feature တွေကို အများကြီးအဆင့်မြှင့်တင်ပေးမှာပါ။
2019 iPhone Model တွေမှာ အဆင့်မြှင့်ထားတဲ့ AR Feature တွေကိုသုံးနိုင်ဖို့ Camera သုံးလုံးတွဲနဲ့လာနိုင်ပါတယ်။

Optimal 3D Mapping လို့ခေါ်တဲ့ Display ရဲ့ အပေါ်ဘက်လေထဲကနေ အသုံးပြုနိုင်အောင် Display ကိုအဆင့်မြှင့်ထားမှာပါ။ ဒီနည်းပညာက အသစ်တော့မဟုတ်လှပါဘူး။ Samsung က 2013 ကတည်းက Galaxy S4 မှာစတင်အသုံးပြုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဆင့်မြှင့်ထားမှာမို့ Gesture တွေက ပိုမိုတိကျပြီး မြန်ဆန်မှာပါ။

ETnews ကနေတိကျတဲ့ သတင်းထုတ်ပြန်ချက်တွေအရ 2019 iPhone Model တွေမှာ Gesture Feature တွေပါလာမှာသေချာပါတယ်။
Display ရဲ့ အထက် 50mm အကွာကနေပြီး ပုံမှန် အသုံးပြုနေကျအတိုင်း အသုံးပြုသွားနိုင်မှာပါ။ လက်သုံးချောင်းနဲ့အထက် အသုံးပြုနိုင်ပြီး Internet Browser ထဲမှာပဲဖြစ်ဖြစ် ဓာတ်ပုံတွေကို Zoom ဆွဲရာမှာပဲဖြစ်ဖြစ် လေပေါ်ကနေ လက်နှစ်ချောင်းနဲ့ ချဲ့ကြည့်လိုက်လို့ရမှာပါ။

အဲ့ဒီ Feature တွေကြောင့် iOS Experience ဟာ အများကြီးစိတ်ဝင်စားစရာကောင်းလာမှာပါ။ Galaxy Note 9 မှာ အဲ့ဒီ Feature တွေသုံးနိုင်နေပေမယ့် S Pen ရှိဖို့လိုပါတယ်။

Apple ရဲ့ Feature အသစ်က လက်ချောင်းတွေနဲ့အသုံးပြုနိုင်လို့ Smartphone လောကကြီးတစ်ခုလုံးကို ပြောင်းလဲစေမှာပါ။ iPhone X ရဲ့ TrueDepth System ကိုသုံးထားတဲ့ Animoji နဲ့ Memoji Feature တွေကိုလည်း Upgrade လုပ်ပေးသွားမှာဖြစ်ပြီး 2019 iPhone တွေဟာအရမ်းစိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Apple ဟာ AR Feature တွေနဲ့Smart Glass တစ်ခုထုတ်မယ်လို့ သတင်းထွက်နေပေမယ့် မသေချာသေးပါဘူး။ ToF (Time of Flight) လို့ခေါ်တဲ့ လေထဲမှာ ပုံစံတွေရေးဆွဲနိုင်တဲ့ Feature တစ်ခုကိုလည်းစမ်းသပ်နေပြီး Triple Camera Setup နဲ့မှ သုံးနိုင်မှာပါ။

Apple ဟာလောလောဆယ် Prime Sense လို့ခေါ်တဲ့ နာမည်ကြီး Kinect ရဲ့နောက်ကွယ်က Company နဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်။ လေပေါ်ကနေ Gesture တွေအသုံးပြုလာနိုင်မှာမို့လို့ 3D Touch Feature ကိုဖြုတ်ချလိုက်မှာပါ။

လောလောဆယ်တော့ 2018 ထဲမှာပဲ iPhone သုံးလုံးထုတ်ဖို့ရှိပြီး OLED Display နဲ့တစ်လုံး LCD Display နဲ့နှစ်လုံး ကိုမကြာတော့မယ့် ရက်ပိုင်းအတွင်းမှာ မြင်တွေ့ရတော့မှာပါ။