မိန်းကလေးတစ်ယောက်အတွက် လိုအပ်တာလေးတွေ စုဆောင်းသိရှိနိုင်ဖို့ ထူးထူးဆန်းဆန်း App လေးတွေ ရှာဖွေပေးထားပါတယ်။ မိမိတို့ မှတ်သားချင်တာလေးတွေကိုလည်း အလွယ်တကူ မှတ်လို့ရသလို နေ့စဉ်ဘဝအတွက်လည်း အသုံးဝင်မယ့် အရာလေးတွေဖြစ်လို့ ဖုန်းထဲမှာ ထည့်ထားသင့်တယ်နော်။

My Calendar 

မိန်းကလေးတိုင်းအတွက် မရှိမဖြစ် App လေးပါ။ ရာသီဆင်းမယ့်ရက် မျိုးဥကြွေမယ့်ရက် သန္ဓေအောင်မယ့်ရက် စတာလေးတွေကို ပြက္ခဒိန်လေးနဲ့ ပြပေးတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ mood ပေါ်လိုက်ပြီးတော့လည်း နေ့တိုင်းမှတ်ထားလို့ရပါတယ်။

SitOrSquat

အပြင်ရောက်နေတယ်ဆိုပါစို့။ ဗိုက်နာလာတာပဲ ဖြစ်ဖြစ် အရေးပေါ်ကိစ္စဖြစ်ဖြစ် အိမ်သာရှာမရဘူးဆိုရင် သင်နဲ့အနီးဆုံး Restroom ကို ဖော်ပြပေးမယ့် App လေးပါ။ သွားရင်းလာရင်း ဒုက္ခရောက်ရတဲ့ ပြဿနာကနေ ကူညီဖြေရှင်းပေးမယ့် App လေးပါ။

O.P.I

လက်သည်းနီ အစမ်းဆိုးလို့ရမယ့် Tester App လေးဖြစ်ပါတယ်။ မိမိလက်သည်းနဲ့ လိုက်မယ့် အရောင်ကို ဆိုးကြည့်လို့ရတာမို့ ဆိုင်သွားခါနီး အရောင်မှားရွေးမိမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

Mint

ထက်မြက်တဲ့ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် App လေးပါ။ ဝင်ငွေ ထွက်ငွေ သုံးငွေ Bill အကြွေးတွေနဲ့ Bank Account စာရင်းကိုပါ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်လ ဘယ်လောက် စုမိလဲ သုံးမိလဲဆိုတာ သေချာလေး စာရင်းလုပ်ပေးထားမှာပါ။

VSCO Cam 

သင့်ရဲ့ အပျော်တမ်း ဓာတ်ပုံလှလှလေးတွေကို ဂန္တဝင်လက်ရာအဖြစ် ဖန်တီးပေးနိုင်တဲ့ Filter App ကတော့ VSCO ပါပဲ။ ပုံလှလှလေးတွေနဲ့ အမှတ်တရဖြစ်စေဖို့ ဒီ App လေးက ကူညီပါလိမ့်မယ်။