Android Applications တွေဟာ Google Play Store မှာ သန်းနဲ့ချီပြီး ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ကိုယ့်အတွက်အသုံးဝင်မယ့် ဦးနှောက်ညဏ်ရည်ကို တိုးတက်စေပြီး တွေးခေါ်နိုင်စွမ်းကို ပိုပြီး မြင့်မားလာစေမယ့် Application ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. NeuroNation – Focus and Brain-Training
NeuroNation Application က ညဏ်ရည်ကိုတိုးတက်လာစေမယ့် ဂိမ်းအသေးလေးတွေကို ဆော့ကစားရမှာဖြစ်ပြီး ကိုယ့်ရဲ့မှတ်ညဏ်၊ အာရုံစူးစိုက်နိုင်မှု နဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်တဲ့အကောင်းဆုံးသော Application တစ်ခုလို့ ပြောလို့ရပါတယ်။
2. Skillz – Logical Brain
အခု Skillz Application က ထူးခြားချက်အနေနဲ့ Single Mode ဒါမှမဟုတ် Multiplayer Mode အနေနဲ့ Google+ Account နဲ့ ချိတ်ဆက်ပြီး Online ကနေ ပြီးတော့ ကိုယ်နဲ့ Level တူ Player တွေနဲ့အတူ ဂိမ်းတွေဆော့ကစားရမှာဖြစ်ပါတယ်။ Multiplayer Mode မှာဆိုရင် လူလေးယောက်အထိ တပြိုင်ထဲဆော့ကစားနိုင်ပြီး အခု Skillz Application က မြန်ဆန်မှု နဲ့ အာရုံစူးစိုက်နိုင်မှုကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
3. Peak
Peak Application ကတော့ ကိုယ့်ရဲ့ Language Skills, စိတ်ပိုင်းဆိုင်ရာသွက်လက်မှုနဲ့ မှတ်ညဏ်စွမ်းအားကို အဓိကထားမှာဖြစ်ပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နေရင်းနဲ့ ကိုယ်က ဘယ်နေရာမှာ အားသာပြီးတော့ ဘယ်နေရာမှာအားနည်းတယ်ဆိုတာကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။ ဒီ Peak Application ရဲ့ အားသာချက်က Offline အနေနဲ့ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။
4. Brain Wars
Brain Wars Application က အဓိကအနေနဲ့ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ ယှဉ်ပြိုင်မှုကို အဓိကထားတာဖြစ်ပြီး Online Player တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမယ့် ဂိမ်းအရေအတွက် ၁ ဒါဇင်ကျော်ရှိမှာဖြစ်ပြီး ကိုယ်အတွက်အဆင်ပြေမယ့် ဂိမ်းကိုဆော့ကစားနိုင်မှာပါ။
ဒီ Brain Wars Application မှာဆိုရင် ကိုယ့်အမှတ်တွေကို အခြားသူကို သိရှိအောင် Account Profile တစ်ခုပြုလုပ်ပြီး ကစားနိုင်သလို Guest အနေနဲ့လည်း ကစားနိုင်တာက အားသာချက်တစ်ခုလို့ ပြောနိုင်မှာပါ။
5. Brain Dots
Brain Dots Application က အရောင်မတူတဲ့ အစက် ၂ စက်ကြားမှာ မျဉ်းကြောင်းဆွဲရတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး စစခြင်းကြည့်လိုက်ရင် လွယ်ကူတယ်ထင်ရပေမယ့် ဆော့ကစားရတဲ့ Level ပိုမြင့်လာလေလေ၊ ပိုပြီး ရှုပ်ထွေးခက်ခဲလာလေပဲဖြစ်ပါတယ်။
အဲ့ဒီအတွက် ကစားတဲ့အချိန်မှာ ပိုပြီး Level မြင့်လာလေ၊ အချိန်ပိုပေးပြီး စဉ်းစားရလေဖြစ်လာမှာပါ။ တကယ်လို့ အရိပ်အမြွိတ်သိချင်တယ်ဆိုရင် မီးလုံးပုံကို နှိပ်ပြီး Hints ရယူနိုင်မှာပါ။
အခု ဒီ Application ၅ ခုကတော့ ကိုယ့် ဦးနှောက်ကို ပိုပြီးတွေးတောနိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ Application ၅ ခုပဲဖြစ်ပြီး အခြားသော Mobile Game တွေအစား ဒီ Apps တွေက ပိုပြီး ပညာရရှိနိုင်မှာဖြစ်ပါတယ်။