NFT တွေဟာ ယခုနှစ်အတွင်းမှာ အလွန်ရေပန်းစားနေတဲ့နည်းပညာတစ်ခုဖြစ်ပြီး အခုဆိုရင် Digital Art တွေတင်မဟုတ်ဘဲ တခြားသော Cryptocurrency ကုမ္ပဏီတွေ၊ Celebrities တွေနဲ့ ကုမ္ပဏီအများအပြားကပါ NFT စျေးကွက်ထဲကို ဝင်ရောက်နေကြပြီဖြစ်ပါတယ်။

ဒါပေမယ့် သင်က NFT အကြောင်းကို သိပ်ပြီးမသိရှိသေးဘူးဆိုရင် စတင်လေ့လာဖို့နေရာတွေနည်းပါးနေသေးတယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် စာမဖတ်ချင်ဘဲ Video အနေနဲ့ လေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ NFT နဲ့ သက်ဆိုင်တဲ့ YouTube Channel တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

1. NFT Times

NFT Times ဟာ အခုမှစပြီး NFT တွေအကြောင်းကို လေ့လာချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး YouTube Channel တစ်ခုဖြစ်ပါတယ်။ အဓိကအနေနဲ့ အခြေခံအချက်တွေကိုပဲ ပြောကြားတာဖြစ်ပြီး ကိုယ့်အနေနဲ့ သိရှိထားသင့်တဲ့အချက်တွေကိုပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

2. The NFT Podcast

The NFT Podcast ကတော့ နာမည်အတိုင်းပဲ NFT အကြောင်းကို အသေးစိတ်ပြောကြားတတ်တဲ့ Podcast Channel ဖြစ်ပြီး YouTube မှာ ကြည့်နိုင်သလို Audio သီးသန့် Podcast အနေနဲ့လည်း နားထောင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Podcast မှာ လူသိများတဲ့ NFT Artist တွေကိုပါ ဖိတ်ခေါ်ပြီး ပြောကြားတတ်တာကြောင့် တကယ်လို့သင်က NFT ပိုင်းကို ဝင်ရောက်ချင်တဲ့ Digital Artist တစ်ယောက်ဆိုရင် အဆင်ပြေစေမှာဖြစ်ပါတယ်။

3. NFT Daily News

NFT အပါအဝင် Cryptocurrency စျေးကွက်ဟာ အမြဲတမ်းနောက်ဆုံးထွက်သတင်းတွေကို သိရှိနေဖို့က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ်က ဘယ်စျေးကွက်ကို ဝင်ရောက်ပြီး ဘယ်လိုမျိုး Trend တွေခေတ်စားနေသလဲဆိုတာကို အမြဲသိရှိမှာဖြစ်ပါတယ်။ ဒါကိုတော့ NFT Daily News Channel က အဆင်ပြေစေမှာဖြစ်ပြီး သင့်အနေနဲ့ သိရှိထားသင့်တဲ့သတင်းမှန်သမျှကို နေ့စဥ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

4. NFT NYC

NFT NYC Channel ဟာ NFT NYC ရဲ့ Co-founder တစ်ဦးလည်းဖြစ်၊ attn.live ရဲ့ Founder နဲ့ CEO လည်းဖြစ်တဲ့ Ian Utile ရဲ့ YouTube Channel ဖြစ်ပါတယ်။ အခု Channel ဟာ လက်ရှိအချိန်မှာ Active မဖြစ်တော့ပေမယ့်လည်း NFT တွေကို Business ပိုင်းအရ ပြုလုပ်ခဲ့တဲ့ Panel Discussion တွေကို Video အနေနဲ့ ဖော်ပြထားတာကြောင့် အခုမှ NFT ကို စီးပွားရေးအပိုင်း ဘယ်လိုအသုံးချရမလဲသိချင်တယ်ဆိုရင် ကြည့်ရှုသင့်တဲ့ Channel တစ်ခုဖြစ်ပါတယ်။

5. Sam Ellis NFT

ယခု Channel ကတော့ NFT Platform တွေထဲကမှ VeVe NFT Platform ကို အသေးစိတ်ရှင်းပြတဲ့ YouTuber တစ်ယောက်ဖြစ်တဲ့ Sam Ellis ရဲ့ Channel ဖြစ်ပါတယ်။ Sam ရဲ့ Video တွေဟာ အသေးစိတ်ရှင်းပြထားတာဖြစ်သလို Video တင်ဆက်ပုံစံကလည်း Energetic ဖြစ်တာကြောင့် သင့်ကို ကြည့်နေရင်း ပျင်းသွားစေမှာမဟုတ်ပါဘူး။

Ref – NFT Frog