Samsung က ဒီလ အစောပိုင်းမှာ ဗီယက်နမ်မှာ Galaxy A15 ကို တရားဝင် ကြေညာလိုက်ပြီး အခုတော့ Samsung ဟာ Galaxy M15 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ M Series ဟာ ပုံမှန်အားဖြင့် Galaxy A15 ကို အမည်ပြောင်းထားတာ ဖြစ်နိုင်ပေမယ့် ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခု ပါလာမှာပါ။

Samsung is readying Galaxy M15 with a huge battery

Galaxy A15 ရဲ့ 4G နဲ့ 5G Version ၂ ခုစလုံးမှာ 5,000mAh Battery ထည့်သွင်းထားပြီး Galaxy M15 မှာတော့ ပိုမိုကြီးမားတဲ့ 6,000mAh Battery ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Samsung Galaxy M15 will come with a big battery, new leak suggests

Battery ပမာဏဟာ ၂၀ ရာခိုင်နှုန်း ပိုမို ကြီးမားပြီး အားအပြည့်သွင်းထားရင် အချိန်တော်တော်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Galaxy M15 ရဲ့ တခြား Specification တွေကိုတော့ မသိရသေးပေမယ့် Galaxy A15 ရဲ့ Specification တွေ ပါလာနိုင်ပါတယ်။

Samsung ဟာ A Series နဲ့ တူတဲ့ M Series တွေကို ဘာလို့ ထုတ်လုပ်ရောင်းချသလဲဆိုတာ သေသေချာချာ မသိပါဘူး။ Samsung ရဲ့ ရောင်းချရေး နည်းဗျူဟာဟာ တစ်ခါတစ်‌လေ မှန်းဆရခက်ခဲပါတယ်။

Galaxy M15 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Ref : gsmarena