Natixis Investment Mangers ရဲ့ စစ်တမ်းကောက်ယူမှုအရ “Fund selectors” သုံးမျိုးအနက် နှစ်မျိုးက ရင်းနှီးမြှုပ်နှံသူတစ်ဦးချင်းစီအနေနဲ့ Cryptocurrency ပိုင်ဆိုင်ဖို့ မလိုအပ်ဘူးလို့ ထင်မြင်ယူဆကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ အဓိကအားဖြင့် ပွင့်လင်းမြင်သာမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရစ်ကျအိမ်တွေ၊ ငွေရေးကြေးရေးအကြံပေးဆိုင်ရာတွေ၊ ပုဂ္ဂလိကဘဏ်တွေနဲ့ အခြားအဖွဲ့အစည်းတွေက Fund selectors တွေက သူတို့ရဲ့ ကုမ္ပဏီတွေဟာ ဖောက်သည်တွေကမ်းလှမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲခြမ်းစိတ်ဖြာပြီး ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဖောက်သည်ပိုင်ဆိုင်မှု ဒေါ်လာ ၂.၇ ထရီလီယံကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေက အမေရိကန်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအမှုဆောင်အရာရှိ ၁၄၁ ဦးကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ၆၈% က Crypto ကို အသုံးပြုသင့်တယ်လို့ မထင်ကြောင်း ရလဒ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ငယ်ရွယ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ဒီသဘောထားနဲ့ ဆန့်ကျင်နေတာတွေ ရှိနေပါသေးတယ်။ စစ်တမ်းဖြေဆိုသူရဲ့ ၄၀% က ဖောက်သည်တွေဟာ Crypto အသုံးပြုခွင့်ကို ပိုပြီးတောင်းဆိုလာတယ်လို့ ဆိုနေပြန်ပါတယ်။ ဒါဟာ Bitcoin, Ethereum တို့လိုမျိုး ဒစ်ဂျစ်တယ်ငွေကြေး လိုအပ်ချက်မြင့်မားနေတာက သူတို့ရဲ့ ခံစားချက်ကိုဆန့်ကျင်နေတယ်လို့ ဆိုနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေရဲ့ ၁၀% ကျော်က အိမ်ခြံမြေ၊ စတော့တွေ၊ အပြန်အလှန်ရန်ပုံငွေတွေနဲ့ ငွေချေးစာချုပ်တွေရဲ့နောက်မှာ Crypto ကို ပိုင်ဆိုင်ထားတယ်လို့ CNBC ရဲ့ စစစ်တမ်းတစ်ခုက ဖော်ပြနေပါတယ်။ အဖိုးတန်ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို ရောင်းဝယ်ဖို့ လွယ်ကူလွန်းလာတာကြောင့် ဒီအထဲကမှ သုံးပုံနှစ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ပိုပြီးဝယ်ယူလာကြတာကိုလည်း တွေ့ရှိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Tesla နဲ့ SpaceX CEO Elon Musk လိုမျိုး ပုဂ္ဂိုလ်တွေကတော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်အားထက်သန်မှုတွေကို ပိုမိုတောက်လောင်စေမဲ့ လောင်စာအဖြစ် ကူညီပေးနေတယ်လို့ ဆိုနိုင်ပါတယ်။ Crypto တွန့်ဆုတ်မှုဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာ Crypto ပွင့်လင်းမြင်သာမှုနဲ့ စည်းမျဉ်းစည်းကမ်း ကင်းမဲ့မှုတွေက အဓိကစိန်ခေါ်မှုတွေလို ဖြစ်နေတာလည်း အမှန်ပဲဖြစ်ပါတယ်။

Ref: CNBC