Android ဖုန်းသုံးနေတဲ့သူတွေဆိုရင် တခါတလေ ကိုယ်ဆော့ထားတဲ့ ဂိမ်းပဲဖြစ်ဖြစ် တခြားတခုခုပဲဖြစ်ဖြစ် Screen ကို Record ပြုလုပ်ထားပြီး နောက်မှ ပြန်ကြည့်တာပဲဖြစ်ဖြစ်၊ အခြား Facebook လိုမျိုး Social Media တစ်ခုခုမှာပြန်လည် Share ချင်တာပဲဖြစ်ဖြစ် လိုချင်မိကြမှာပါ။

အခုအချိန်မှာ အချို့သောဖုန်းတွေက Screen Record Feature ကိုထည့်သွင်းလာကြတယ်ဆိုပေမယ့် ဖုန်းတွေအကုန်လုံးတော့ မရရှိသေးဘူးပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Android ဖုန်းတွေ အကောင်ဆုံး Screen Recording App ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Mobizen Screen Recorder

ဒီ App ကတော့ Google Play Store မှာလည်း အကောင်းဆုံး Application တစ်ခုဖြစ်ပြီးတော့ အခမဲ့ရရှိနိုင်တဲ့အပြင် Editing Features တွေအပြည့်အစုံပါဝင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအပြင် အရည်အသွေးမြင့် Full HD Resolution ကို 60fps အထိ Record ပြုလုပ်နိုင်တာက အခြားသော Screen Recorder App တွေမှာ မရရှိနိုင်တဲ့ Feature တစ်ခုဖြစ်မှာပါ။

2. SCR Screen Recorder

ဒီ Application ကတော့ Google Play Store ကို အသုံးပြုလို့မရတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ Google ကနေ SCR Screen Recorder လို့ရှာပြီး App Developer Website မှာပဲ Download ရယူရမှာဖြစ်ပါတယ်။ ဒီ SCR Screen Recorder ရဲ့အားသာချက်ကတော့ Audio ပါ Record ရယူနိုင်တဲ့အပြင် Screen Record ပြုလုပ်နေတုန်း Selfie Camera နဲ့ပါ တပြိုင်ထဲ Record လုပ်နိုင်တာဖြစ်ပါတယ်။

3. AZ Screen Recorder

AZ Screen Recorder ကတော့ အခုနောက်ပိုင်းနာမည်ကြီးလာတဲ့ Application တစ်ခုဖြစ်ပြီး အသုံးပြုရတာလွယ်ကူတဲ့အပြင် အသုံးပြုရတဲ့ Setting တွေရိုးရှင်းတဲ့အတွက် အသုံးပြုသူများပြားလာတာဖြစ်ပါတယ်။

4. Unlimited Screen Recorder

Unlimited Screen Recorder ကို ရွေးချယ်ပေးရတာကတော့ နာမည်အတိုင်းပဲ အချိန်အကန့်အသတ်မရှိပဲ ကိုယ့်ဖုန်း Memory Space ရှိသလောက်ကို Record ပြုလုပ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဂိမ်းဆော့တာတွေကို Record ပြုလုပ်ဖို့ အသင့်တော်ဆုံးဖြစ်မှာပါ။

5. ilos Screen Recorder

ဒီ Application ကတော့ ထူးခြားတာက ဘာ Setting တွေမှာ မပါဝင်ပဲ Record Button တစ်ခုပဲပါဝင်တာဖြစ်ပါတယ်။ အခြားသော Application တွေက Setting တွေအမျိုးမျိုးရွေးချယ်နိုင်ပေမယ့်လည်း ဒီ App ကတော့ ရိုးရှင်းတာကို ကြိုက်တဲ့သူတွေအတွက်ဖြစ်မှာပါ။

6. Telecine

Telecine ကလည်း Setting အသင့်အတင့်ပါဝင်ပြီးတော့ အသုံးပြုရတာရိုးရှင်းတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလုပ်လုပ်နိုင်စွမ်းကတော့ တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

7. Lollipop Screen Recorder

ဒီ Application ကလည်း နာမည်အတိုင်းပဲ အခုထွက်လာတဲ့ Android 6.0 Marshmallow, Android 7.0 Nougat ဖုန်းတွေမဟုတ်ပဲ Android 5.0, 5.1 Lollipop အသုံးပြုနေတဲ့သူတွေအတွက် အကောင်းဆုံး Screen Recorder App တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။