အခုခေတ်က ပညာခေတ်ဆိုတော့ စဉ်ဆက်မပြတ် ပညာသင်ယူဖို့ လိုအပ်ပါတယ်။ ကိုယ်နေထိုင်တဲ့ အရပ်ဒေသ နိုင်ငံတကာ ပညာရေးကို သင်ယူဖို့ အဆင်မပြေဘူးဆိုလည်း အင်တာနက်ရှိရင် နိုင်ငံတကာ ပညာရေးကို လေ့လာဆည်းပူးနိုင်ပါတယ်။
ဒါကြောင့် အခမဲ့ ပညာသင်ကြားပေးတဲ့ Websites တွေထဲမှ အကောင်းဆုံး Websites များကို ဝေမျှချင်ပါတယ်။
Edx
Edx Websites မှာ ကမ္ဘာအနှံ့က မတူညီတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတန်းတွေ၊ စာသင်ကြားတဲ့ ဗီဒီယိုဖိုင်တွေအများကြီး စုထားတာဖြစ်ပါတယ်။ အဲ့ဒီ Websites မှာ register လုပ်ပြီး ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကို ဆက်လက်လေ့လာလို့ ရပါတယ်။
Khan Academy
Khan Academy က နိုင်ငံတကာမှာ အောင်မြင်နေတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းက သင်ရိုးညွှန်းတန်းတွေ၊ သင်ခန်းစာတွေ၊ စာသင်ကြားတဲ့ ဗီဒီယိုဖိုင်တွေစုထားတဲ့ Websites ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ကလေးကို International School မှာ မထားနိုင်လို့ စိတ်မကောင်းမဖြစ်ပါနဲ့။ ဒီ Website ကလေ့ကျင့်ခန်းတွေကို ကလေးနဲ့အတူ လေ့ကျင့်ပေးရင် နိုင်ငံတကာအဆင့်မီ ပညာရေးကို ရရှိနိုင်ပါတယ်။
Khan Academy မှာ အခမဲ့ Courses ပေါင်း ၄၂၀၀ ရှိနေပါပြီ။ Khan Academy ကို ကမ္ဘာကျော်တက္ကသိုလ်တွေဖြစ်တဲ့ MIT နဲ့ ဟားဗတ် တက္ကသိုလ် ဘွဲ့ရ လူငယ်တစ်ဦးက တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Open Culture Online Courses
Open Culture Online Courses မှာ ကမ္ဘာကျော် တက္ကသိုလ်တွေက lectures တွေ၊ ဗီဒီယိုတွေပေါင်း ၁၂၀၀ ကျော်ရှိပြီး ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို အလွယ်တကူ ရွေးချယ်လေ့လာနိုင်ပါပြီ။
Academic Earth
ကမ္ဘာကျော် တက္ကသိုလ်တွေဖြစ်တဲ့ MIT၊ Harvard ၊ Princeton ၊ Stanford၊ Yale နဲ့တခြား တက္ကသိုလ်တွေက အကောင်းဆုံး Courses တွေကို စုပေးထားပြီး အခမဲ့သင်ယူနိုင်တဲ့ website ဖြစ်ပါတယ်။